ပုဒ္မ ၅၉ (စ) ကုိ မပယ္ဖ်က္သင့္ဘူးလုိ႔ USDP ေျပာ

0
226

ပုဒ္မ ၅၉(စ)ဟာ   အမ်ဳိးသားေရးအတြက္အထူးအေရးႀကီးသလို နုိင္ငံေတာ္ရဲ႕  အခ်ဳပ္အျခာအာဏာ အသက္္၀ိဉာဥ္ ျဖစ္တာေၾကာင့္ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕  ျပဌာန္းထားတဲ့ ဥပေဒ ပုဒ္မ အတုိင္း ရွိသင့္တယ္လုိ႔ ပည္ေထာင္စုႀကံ႔ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေျပာေရးဆုိခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါတယ္။

မေန႕က ျပည္ေထာင္စုႀကံံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ရဲ႕  လူမႈကြန္ရက္စာမ်က္ႏွာမွာ ဦးသိန္းထြန္းဦးက ေျပာခဲ့တာပါ။

ဒါ့အျပင္ ဒီမုိကေရစီ လမ္းေၾကာင္းကုိ ေလွ်ာက္လမ္းေနတဲ့အစုိးရအေနနဲ႔ ဒီမုိကေရစီစံႏႈန္း ေတြနဲ႔ ကုိက္ညီေအာင္လုပ္ေဆာင္ဖို႔ လိုအပ္သလုိ ပုဒ္မ ၅၉(စ)မျပင္ဆင္ေရး တင္ျပတဲ့ လူနည္းစုကိုလည္း အေလးထားၿပီး စဥ္းစားဖို႔ လုိအပ္တယ္လို႔ ထည့္သြင္းေျပာၾကားထားပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ပုဒ္မ၅၉(စ) ကိုလုံး၀ဖ်က္သိမ္းေပးဖို႔  အမ်ဳိးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကုိယ္စားလွယ္ေတြက မတ္လ ၁၄ရက္ေန႔  ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ဖြဲ႔စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေ၀းမွာ တင္ျပခဲ့တာ ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုဒ်မ ၅၉ (စ) ကို မပယ်ဖျက်သင့်ဘူးလို့ USDP ပြော

ပုဒ်မ ၅၉(စ)ဟာ   အမျိုးသားရေးအတွက်အထူးအရေးကြီးသလို နိုင်ငံတော်ရဲ့  အချုပ်အခြာအာဏာ အသက်ဝိဉာဉ် ဖြစ်တာကြောင့် ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  ပြဌာန်းထားတဲ့ ဥပဒေ ပုဒ်မ အတိုင်း ရှိသင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

မနေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရဲ့  လူမှုကွန်ရက်စာမျက်နှာမှာ ဦးသိန်းထွန်းဦးက ပြောခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လမ်းနေတဲ့အစိုးရအနေနဲ့ ဒီမိုကရေစီစံနှုန်း တွေနဲ့ ကိုက်ညီအောင်လုပ်ဆောင်ဖို့ လိုအပ်သလို ပုဒ်မ ၅၉(စ)မပြင်ဆင်ရေး တင်ပြတဲ့ လူနည်းစုကိုလည်း အလေးထားပြီး စဉ်းစားဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ၅၉(စ) ကိုလုံးဝဖျက်သိမ်းပေးဖို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက မတ်လ ၁၄ရက်နေ့  နေပြည်တော်မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

?bph6