ျပစ္မႈက်ဴးလြန္ၿပီး အေရးယူတာထက္ ႀကိဳတင္တားဆီးတဲ႔နည္းနဲ႔ ေဆာင္ရြက္ေနဟု ဦးေအာင္ၾကည္ ေျပာ

0
193

ျပစ္မႈက်ဴးလြန္ၿပီးမွ အေရးယူေဆာင္ရြက္ရတဲ့ နည္းလမ္းထက္ ႀကိဳတင္တားဆီးကာကြယ္တဲ့ နည္းလမ္းကို ဦးစားေပးၿပီး ေဆာင္ရြက္ေနေၾကာင္း အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒ ဦးေအာင္ၾကည္က ေျပာၾကားလုိက္ပါတယ္။

မတ္လ ၁၆ရက္ေန႔က ဗဟန္းၿမိဳ႕နယ္ ေရႊေတာင္ၾကားလမ္းမွာ အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ ရန္ကုန္ရုံးခြဲ ဖြင့္ပြဲအခမ္းအနားမွာ ဦးေအာင္ၾကည္က အခုလုိ ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္  အမွန္စစ္စစ္ အဂတိလိုက္စားမႈတားဆီးကာကြယ္ျခင္းဟာ မွားယြင္းတဲ့ အေတြ႕အႀကံဳေတြ  က သင္ခန္းစာရယူျပဳျပင္ေပးတဲ့နည္းလမ္းျဖစ္ၿပီး မိမိတို႔ကိုယ္တိုင္ အျခားသူေတြ အတြက္ သင္ခန္းစာေပးသူေတြ ျဖစ္မလာၾကေစဖို႔ ႀကိဳတင္ကာကြယ္ဖို႔ကုိလည္း တုိက္တြန္းေျပာၾကားခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြစ်မှုကျူးလွန်ပြီး အရေးယူတာထက် ကြိုတင်တားဆီးတဲ့နည်းနဲ့ ဆောင်ရွက်နေဟု ဦးအောင်ကြည် ပြော

ပြစ်မှုကျူးလွန်ပြီးမှ အရေးယူဆောင်ရွက်ရတဲ့ နည်းလမ်းထက် ကြိုတင်တားဆီးကာကွယ်တဲ့ နည်းလမ်းကို ဦးစားပေးပြီး ဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ ၁၆ရက်နေ့က ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားမှာ ဦးအောင်ကြည်က အခုလို ပြောကြားခဲ့တာပါ။

ဒါ့အပြင်  အမှန်စစ်စစ် အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းဟာ မှားယွင်းတဲ့ အတွေ့အကြုံတွေ  က သင်ခန်းစာရယူပြုပြင်ပေးတဲ့နည်းလမ်းဖြစ်ပြီး မိမိတို့ကိုယ်တိုင် အခြားသူတွေ အတွက် သင်ခန်းစာပေးသူတွေ ဖြစ်မလာကြစေဖို့ ကြိုတင်ကာကွယ်ဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

?bph6