ျပည္ေထာင္စုေဖာင့္ကုိ ဧၿပီလ ၁ရက္ေန႔ အစိုးရဌာန မွာေျပာင္းလဲအသုံးျပဳမယ္

0
190

လက္ရွိအသံုးျပဳေနတဲ့ ျမန္မာေဖာင့္ေတြက Data Processing လုပ္တဲ့ေနရာေတြမွာ အခက္ခဲေတြရွိေနတဲ့အတြက္ ျပည္ေထာင္စုေဖာင့္ကို ဧၿပီလ ၁ရက္ေန႔ကေနစၿပီး အစိုးရဌာနေတြမွာ ေျပာင္းလဲ အသံုးျပဳသြားမွာျဖစ္ပါတယ္။ဒီသတင္းကို MCNသတင္းေထာက္ ေသာ္တာတိုးက ေပးပို႔ထားပါတယ္။

လက္ရွိအသံုးျပဳေနတဲ့ ျမန္မာေဖာင့္ေတြက နိုင္ငံတကာအီလက္ထေရာနစ္ စံသတ္မွတ္ခ်က္ေတြနဲ႔ မကိုက္ညီတဲ့အတြက္ Data Processing လုပ္တဲ့ေနရာေတြမွာ အခက္ခဲေတြရွိေနတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ျမန္မာ့ေဖာင့္ေတြကုိ ေျပာင္းလဲအသုံးျပဳနိုင္ဖို႔ လာမယ့္ ျပည္ေထာင္စုေဖာင့္ေတြ ဧၿပီလ ၁ရက္ေန႔က စတင္ၿပီး အစုိးရဌာနဆုိင္ရာေတြမွာ ေျပာင္းလဲ အသုံးျပဳသြားမွာ ျဖစ္ေၾကာင္း Unicodeေျပာင္းလဲသံုးစြဲေရး ေကာ္မတီက ေျပာပါတယ္။

မတ္လ ၁၅ရက္ေန႔က MICT Park မွာ Unicode ေျပာင္းလဲသံုးစြဲျခင္းနဲ႔ နည္းပညာအေထာက္ပံ့ေပးေရး ေခါင္းစဥ္နဲ႔ေဆြးေႏြးပြဲ က်င္းပခဲ့တာပါ။

Soundbite – ဦးေဇာ္ထြဋ္ (ေကာ္မတီ၀င္)
Unicodeေျပာင္းလဲသံုးစြဲေရး ေကာ္မတီ

ျပည္ေထာင္စုေဖာင့္ဟာ ကြန္ပ်ဴတာသုံး ျမန္မာစာစနစ္ တစ္ခုလည္း ျဖစ္ၿပီး နိုင္ငံတကာ Unicode စံ ကို ပိုမို ကိုက္ညီစြာ လိုက္နာထားတာေၾကာင့္ နိုင္ငံတကာ ဘာသာကေန ျမန္မာဘာသာကို ေျပာင္းလဲဖတ္ရႈနိုင္တာေတြ ၊ တိုင္းရင္းသား ဘာသာ စကားေတြနဲ႔လဲ အသံုးျပဳနိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းထားတာပါ။

ဒါ့အျပင္ ျပည္သူေတြအေနနဲ႔လည္း အခုႏွစ္ ေအာက္တုိဘာလအကုန္မွာ တရား၀င္ စတင္အသုံးျပဳနုိင္မွာလည္း ျဖစ္ပါတယ္။

Soundbite – ဦးေဇာ္ထြဋ္ (ေကာ္မတီ၀င္)
Unicodeေျပာင္းလဲသံုးစြဲေရး ေကာ္မတီ

အစိုးရရဲ႕ Electronic ဝန္ေဆာင္မႈေတြကုိ ျပည္သူအားလုံးသိရွိနားလည္ေစေရး အတြက္ ျမန္မာ ဘာသာစကားနဲ႔ ဝန္ေဆာင္မႈေပးနိုင္ဖို႔ ကြန္ပ်ဴတာသုံး ျမန္မာဘာသာစကားစနစ္ကို ျပဳျပင္နုိင္ေရး လုိအပ္ ေနေၾကာင္းကုိလည္း ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ တတိယအႀကိမ္ E-Government အစည္းအေ၀းမွာ နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားထားပါတယ္ ခင္ဗ်ာ။

လက်ရှိအသုံးပြုနေတဲ့ မြန်မာဖောင့်တွေက Data Processing လုပ်တဲ့နေရာတွေမှာ အခက်ခဲတွေရှိနေတဲ့အတွက် ပြည်ထောင်စုဖောင့်ကို ဧပြီလ ၁ရက်နေ့ကနေစပြီး အစိုးရဌာနတွေမှာ ပြောင်းလဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

လက်ရှိအသုံးပြုနေတဲ့ မြန်မာဖောင့်တွေက နိုင်ငံတကာအီလက်ထရောနစ် စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့အတွက် Data Processing လုပ်တဲ့နေရာတွေမှာ အခက်ခဲတွေရှိနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် မြန်မာ့ဖောင့်တွေကို ပြောင်းလဲအသုံးပြုနိုင်ဖို့ လာမယ့် ပြည်ထောင်စုဖောင့်တွေ ဧပြီလ ၁ရက်နေ့က စတင်ပြီး အစိုးရဌာနဆိုင်ရာတွေမှာ ပြောင်းလဲ အသုံးပြုသွားမှာ ဖြစ်ကြောင်း Unicodeပြောင်းလဲသုံးစွဲရေး ကော်မတီက ပြောပါတယ်။

မတ်လ ၁၅ရက်နေ့က MICT Park မှာ Unicode ပြောင်းလဲသုံးစွဲခြင်းနဲ့ နည်းပညာအထောက်ပံ့ပေးရေး ခေါင်းစဉ်နဲ့ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။

Soundbite – ဦးဇော်ထွဋ် (ကော်မတီဝင်)
Unicodeပြောင်းလဲသုံးစွဲရေး ကော်မတီ

ပြည်ထောင်စုဖောင့်ဟာ ကွန်ပျူတာသုံး မြန်မာစာစနစ် တစ်ခုလည်း ဖြစ်ပြီး နိုင်ငံတကာ Unicode စံ ကို ပိုမို ကိုက်ညီစွာ လိုက်နာထားတာကြောင့် နိုင်ငံတကာ ဘာသာကနေ မြန်မာဘာသာကို ပြောင်းလဲဖတ်ရှုနိုင်တာတွေ ၊ တိုင်းရင်းသား ဘာသာ စကားတွေနဲ့လဲ အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတာပါ။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း အခုနှစ် အောက်တိုဘာလအကုန်မှာ တရားဝင် စတင်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Soundbite – ဦးဇော်ထွဋ် (ကော်မတီဝင်)
Unicodeပြောင်းလဲသုံးစွဲရေး ကော်မတီ

အစိုးရရဲ့ Electronic ဝန်ဆောင်မှုတွေကို ပြည်သူအားလုံးသိရှိနားလည်စေရေး အတွက် မြန်မာ ဘာသာစကားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်နိုင်ရေး လိုအပ် နေကြောင်းကိုလည်း နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယအကြိမ် E-Government အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ် ခင်ဗျာ။

?bph6