လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔  AA ေသာင္းက်န္းသူအဖြဲ႕တို႔ တိုက္ပြဲျပင္းထန္စြာျဖစ္ပြား

0
391

 

ရခိုင္ျပည္နယ္ ပုဏၰားကၽြန္းၿမိဳ႕ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕ ပတ္ဝန္းက်င္လံုျခံဳေရး ေဆာင္႐ြက္ေနတဲ့  လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြနဲ႔ AA ေသာင္းက်န္းသူအဖြဲ႕တို႔ တိုက္ပြဲေတြ ျပင္းထန္စြာျဖစ္ပြားၿပီး ႔  ပုဏၰားကၽြန္းၿမိဳ႕နယ္ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း ၿမိဳ႕၊ ႐ြာနဲ႔ ဌာနဆိုင္ရာ အေဆာက္အဦေတြကုိ တုိက္ခုိက္ဖုိ႔ ရည္႐ြယ္ဖြင့္ လွစ္ထားတဲ့ ယာယီအေျချပဳစခန္း တစ္ခုကုိ သိမ္းပိုက္ရရွိခဲ့တာ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ပုဏၰားကၽြန္းၿမိဳ႕နယ္ ပိႏၷဲေတာေက်း႐ြာအနီးကုိ မတ္လ   ၇ ရက္ေန႔ညက AA ေသာင္း က်န္းသူအဖြဲ႕က ေအာင္ေဇာ္လင္းနဲ႔ အဖြဲ႕ (၁) ဖြဲ႕ေရာက္ရွိလာခဲ့ၿပီး ပုဏၰားကၽြန္းၿမိဳ႕နယ္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြထံကုိ ပုဏၰားကၽြန္းၿမိဳ႕ေပၚ ရပ္ကြက္ေတြ စုေပါင္းၿပီး  ေငြက်ပ္သိန္း ၆၅၀ ကုိ ခုနစ္ရက္အတြင္းေပးဖို႔နဲ႔ ေပးေဆာင္မႈမရွိပါက တကၠသိုလ္ဝင္စာေမးပြဲ ၿပီးဆုံးခ်ိန္မွာ ပုဏၰားကၽြန္းၿမိဳ႕အပါအဝင္ နယ္ေျမခံ တပ္ရင္း ဌာနခ်ဳပ္နဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕စခန္းေတြကုိ   ဝင္ေရာက္တိုက္ခိုက္သြားမယ္ဆုိၿပီး ၿခိမ္းေျခာက္စာေပး ပို႔ခဲ့တာ ျဖစ္ပါတယ္ ။

ပုဏၰားကၽြန္းၿမိဳ႕နယ္ရွိ ေဒသခံတိုင္းရင္းသားျပည္သူမ်ားက တပ္မေတာ္ႏွင့္ လံုျခံဳေရးအဖြဲ႕အစည္းေတြ ကုိ အခ်ိန္မီသတင္းေပးပို႔ခဲ့တာေၾကာင့္  ေသာင္းက်န္းသူအဖြဲ႕ထံကုိ လံုးဝမေပးႏိုင္ေၾကာင္း အေၾကာင္းျပန္ခဲ့တာ ျဖစ္ပါတယ္ ။

AA ေသာင္းက်န္းေတြက   ယိုးတ႐ုတ္ေက်းရြာ ရဲကင္းစခန္းကုိ  မတ္ ၉ ရက္ ညပိုင္းမွာ အင္အားအလုံး အရင္းနဲ႔  ဝင္ေရာက္တိုက္ခိုက္လာခဲ့ၿပီး နယ္ေျမေဒသလုံၿခဳံေရးကုိ  စတင္ေႏွာင့္ယွက္ ဖ်က္ဆီးလာခဲ့တာ ျဖစ္ပါတယ္ ။ မတ္လ ၁၁ရက္ေန႔မွာ ပုဏၰားကၽြန္း ၿမိဳ႕နယ္နဲ႔  ေက်ာက္ေတာ္ၿမိဳ႕နယ္တို႔ကုိ ဝင္ေရာက္တိုက္ခိုက္၊ ေႏွာက္ယွက္ဖ်က္ဆီးဖို႔ AA ေသာင္းက်န္းသူအဖြဲ႕က   နယ္ေျမခံေက်း႐ြာအလိုက္ ႐ိုးသားစြာ လုပ္ကိုင္စားေသာက္ေနၾကတဲ့ အရပ္သားေတြကုိ လက္နက္နဲ႔ ၿခိမ္းေျခာက္ၿပီး  ယာယီအေျချပဳစခန္းကုိ ေတြ႕ရွိၿပီး စတင္ထိေတြ႕မႈ ျဖစ္ပြားခဲ့ကာ ရင္ဆိုင္ထိန္းခ်ဳပ္ခဲ့ရေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

မတ္လ ၁၂ရက္ေန႔နဲ႔မတ္လ ၁၃ရက္ေန႔ေတြမွာလည္း တပ္မေတာ္စစ္ေၾကာင္းေတြကုိ ျဖတ္ေတာက္ ပိတ္ဆုိ႔မႈေတြေၾကာင့္ AA ေသာင္းက်န္းသူအဖြဲ႕နဲ႔ တန္ျပန္ထုိးစစ္ဆင္ခဲ့ၿပီးမတ္လ ၁၄ရက္ေန႔မွာ အက် အဆုံးမ်ားစြာ နဲ႔ ဆုတ္ခြာထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္ ။ ျဖစ္စဥ္မွာ စစ္သည္တစ္ခ်ဳိ႕ က်ဆုံးမႈ ေတြရွိခဲ့ သလို AA ေသာင္းက်န္းသူအဖြဲ႕တုိ႔ လက္နက္ေတြ အေလာင္းေတြနဲ႔တုိက္ခို္က္ဖို႔ရည္ရြယ္ဖြင့္လွစ္ထားတဲ့ ယာယီ အေျချပဳစခန္းေတြကုိ သိမ္းပိုက္ရရွိခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးကသတင္း ထုတ္ျပန္ ထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့  AA သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့ ပတ်ဝန်းကျင်လုံခြုံရေး ဆောင်ရွက်နေတဲ့  လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ AA သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားပြီး ့  ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း မြို့၊ ရွာနဲ့ ဌာနဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ဖွင့် လှစ်ထားတဲ့ ယာယီအခြေပြုစခန်း တစ်ခုကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောကျေးရွာအနီးကို မတ်လ   ၇ ရက်နေ့ညက AA သောင်း ကျန်းသူအဖွဲ့က အောင်ဇော်လင်းနဲ့ အဖွဲ့ (၁) ဖွဲ့ရောက်ရှိလာခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေထံကို ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တွေ စုပေါင်းပြီး  ငွေကျပ်သိန်း ၆၅၀ ကို ခုနစ်ရက်အတွင်းပေးဖို့နဲ့ ပေးဆောင်မှုမရှိပါက တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးချိန်မှာ ပုဏ္ဏားကျွန်းမြို့အပါအဝင် နယ်မြေခံ တပ်ရင်း ဌာနချုပ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတွေကို   ဝင်ရောက်တိုက်ခိုက်သွားမယ်ဆိုပြီး ခြိမ်းခြောက်စာပေး ပို့ခဲ့တာ ဖြစ်ပါတယ် ။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများက တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းတွေ ကို အချိန်မီသတင်းပေးပို့ခဲ့တာကြောင့်  သောင်းကျန်းသူအဖွဲ့ထံကို လုံးဝမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ် ။

AA သောင်းကျန်းတွေက   ယိုးတရုတ်ကျေးရွာ ရဲကင်းစခန်းကို  မတ် ၉ ရက် ညပိုင်းမှာ အင်အားအလုံး အရင်းနဲ့  ဝင်ရောက်တိုက်ခိုက်လာခဲ့ပြီး နယ်မြေဒေသလုံခြုံရေးကို  စတင်နှောင့်ယှက် ဖျက်ဆီးလာခဲ့တာ ဖြစ်ပါတယ် ။ မတ်လ ၁၁ရက်နေ့မှာ ပုဏ္ဏားကျွန်း မြို့နယ်နဲ့  ကျောက်တော်မြို့နယ်တို့ကို ဝင်ရောက်တိုက်ခိုက်၊ နှောက်ယှက်ဖျက်ဆီးဖို့ AA သောင်းကျန်းသူအဖွဲ့က   နယ်မြေခံကျေးရွာအလိုက် ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြတဲ့ အရပ်သားတွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး  ယာယီအခြေပြုစခန်းကို တွေ့ရှိပြီး စတင်ထိတွေ့မှု ဖြစ်ပွားခဲ့ကာ ရင်ဆိုင်ထိန်းချုပ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၁၂ရက်နေ့နဲ့မတ်လ ၁၃ရက်နေ့တွေမှာလည်း တပ်မတော်စစ်ကြောင်းတွေကို ဖြတ်တောက် ပိတ်ဆို့မှုတွေကြောင့် AA သောင်းကျန်းသူအဖွဲ့နဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီးမတ်လ ၁၄ရက်နေ့မှာ အကျ အဆုံးများစွာ နဲ့ ဆုတ်ခွာထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဖြစ်စဉ်မှာ စစ်သည်တစ်ချို့ ကျဆုံးမှု တွေရှိခဲ့ သလို AA သောင်းကျန်းသူအဖွဲ့တို့ လက်နက်တွေ အလောင်းတွေနဲ့တိုက်ခိ်ုက်ဖို့ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ယာယီ အခြေပြုစခန်းတွေကို သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်း ထုတ်ပြန် ထားပါတယ်။

?bph6