အလုပ္အကုိင္ေပါင္း တစ္ေထာင္ေက်ာ္ဖန္တီးေပးနုိင္မယ့္ လုပ္ငန္း (၇) ခု MIC ခြင့္ျပဳ

0
114

အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၁,၁၀၀ ေက်ာ္ဖန္တီးေပးႏိုင္မယ့္  လုပ္ငန္း (၇) ခုကုိ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ကခြင့္ျပဳထားေၾကာင္း မတ္လ ၁၅ရက္ေန႔ ကျပဳလုပ္တဲ့ ျမန္မာနိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္ရဲ႕ ေလးႀကိမ္ေျမာက္အစည္းအေ၀းမွာ ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။

အစည္းအေဝးမွာ ဂ်ပန္ႏိုင္ငံက  ပန္းမ်ိဳးေစ့ထုတ္လုပ္ျခင္းနဲ႔ ေရာင္းခ်ျခင္းလုပ္ငန္း၊  ေဟာင္ေကာင္က ပလတ္စတစ္ မိုလ္နဲ႔ ပလတ္စတစ္ အစိတ္အပိုင္းေတြ   (အပိုပစၥည္း) ထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္း၊ ျမန္မာႏိုင္ငံက   ပလတ္စတစ္ ပစၥည္းအမ်ိဳးမ်ိဳး ထုတ္လုပ္ ေရာင္းခ်ျခင္းလုပ္ငန္း၊ တ႐ုတ္ ျပည္သူ႕သမၼတႏိုင္ငံမွ ဟိုတယ္ ဝန္ေဆာင္မႈလုပ္ငန္း၊ စင္ကာပူႏိုင္ငံမွ floating storage unit for storage of LPG as transit point လုပ္ငန္း၊ စတဲ့လုပ္ငန္းေတြကုိခြင့္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။

လုပ္ငန္း (၇) က   ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏမွာ အေမရိကန္ေဒၚလာ (၇၁ ဒသမ ၇၈၆) သန္းနဲ႔  က်ပ္သန္းေပါင္း (၂,၈၅၄ ဒသမ ၇၄) ရွိၿပီး၊ အဲဒီလုပ္ငန္းေတြက ျပည္တြင္း အလုပ္အကိုင္ အခြင့္အလမ္းေပါင္း (၁,၁၆၁) ဦး ဖန္တီးေပးႏုိင္မွာ ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်အကိုင်ပေါင်း တစ်ထောင်ကျော်ဖန်တီးပေးနိုင်မယ့် လုပ်ငန်း (၇) ခု MIC ခွင့်ပြု
အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၁၀ဝ ကျော်ဖန်တီးပေးနိုင်မယ့်  လုပ်ငန်း (၇) ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကခွင့်ပြုထားကြောင်း မတ်လ ၁၅ရက်နေ့ ကပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ လေးကြိမ်မြောက်အစည်းအဝေးမှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးမှာ ဂျပန်နိုင်ငံက  ပန်းမျိုးစေ့ထုတ်လုပ်ခြင်းနဲ့ ရောင်းချခြင်းလုပ်ငန်း၊  ဟောင်ကောင်က ပလတ်စတစ် မိုလ်နဲ့ ပလတ်စတစ် အစိတ်အပိုင်းတွေ   (အပိုပစ္စည်း) ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ မြန်မာနိုင်ငံက   ပလတ်စတစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊ စင်ကာပူနိုင်ငံမှ floating storage unit for storage of LPG as transit point လုပ်ငန်း၊ စတဲ့လုပ်ငန်းတွေကိုခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်း (၇) က   ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၇၁ ဒသမ ၇၈၆) သန်းနဲ့  ကျပ်သန်းပေါင်း (၂,၈၅၄ ဒသမ ၇၄) ရှိပြီး၊ အဲဒီလုပ်ငန်းတွေက ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၆၁) ဦး ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
?bph6