ပထမဆုံးအႀကိမ္ ရန္ကုန္ ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲ က်ငး္ပ

0
201

ပထမဦးဆံုးအႀကိမ္ေျမာက္ ရန္ကုန္ ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲကို မတ္လ ၁၆ ရက္က လွည္းတန္းလမ္းဆံု မီးပြိဳင့္မွ အင္းလ်ားလမ္း မီးပိြဳင့္အၾကား၊ တကၠသိုလ္ရိပ္သာလမ္းတစ္ေလ်ာက္မွာ က်င္းပျပဳလုပ္ခ့ဲပါတယ္။

အ့ဲဒီၿပိဳင္ပြဲကို  ျမန္မာႏိုင္ငံ စက္ဘီးအားကစား အဖြဲ႔ခ်ဳပ္ (MCF) ႏွင့္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနတို႔က ဦးေဆာင္က်င္းပတာျဖစ္ပါတယ္။ ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ရမယ့္  စက္ဘီးၿပိဳင္ပြဲအမ်ိဳးအစား ေျခာက္မ်ိဳးကို ႏိုင္ငံ့လက္ေရြးစင္အဆင့္နဲ႔ ဝါသနာရွင္အဆင့္ စက္ဘီး အားကစားသမားေတြက ပါဝင္ယွဥ္ၿပိဳင္ခ့ဲၾကပါတယ္။

ရန္ကုန္ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္က  မႏၱေလးၿမိဳမွာ က်င္းပျပဳလုပ္ခဲ့တ့ဲ ျမန္မာႏိုင္ငံ လက္ေရြးစင္ စက္ဘီးအားကစားသမားေတြနဲ႔  အာဆီယံႏိုင္ငံ ေလးႏိုင္ငံက ၿပိဳင္ပြဲဝင္ေတြ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတ့ဲ ေဒသတြင္း ပထမဦးဆံုး ဖိတ္ေခၚ ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲ အၿပီး လအနည္းငယ္အၾကာမွာ က်င္းပျပဳလုပ္တာ ျဖစ္ပါတယ္ ။

ၿပိဳင္ပြဲ အမ်ိဳးအစားတစ္ခုစီကို ယွဥ္ၿပိဳင္ရမယ့္  စုစုေပါင္း အပတ္ေရ ၿပီးဆံုးသည္အထိ စီးနင္းႏိုင္တဲ့  အရင္ဆံုး ပန္းဝင္သူ (၅) ဦးကို ဆုခ်ီၤးျမႇင့္မွာျဖစ္ပါတယ္။  Road Bike Race (ၿပိဳင္ဘီး)ၿပိဳင္ပြဲမွာ ပထမဆုေငြက်ပ္ငါးသိန္း၊Mountain Bike Races (ေတာင္တက္စက္ဘီး) ၿပိဳင္ပြဲကို ပထမဆုေငြက်ပ္ ႏွစ္သိန္း ဆုအသီးသီးခ်ီးျမႇင့္သြားမွာျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပထမဆုံးအကြိမ် ရန်ကုန် ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲ ကျငး်ပ

ပထမဦးဆုံးအကြိမ်မြောက် ရန်ကုန် ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲကို မတ်လ ၁၆ ရက်က လှည်းတန်းလမ်းဆုံ မီးပွိုင့်မှ အင်းလျားလမ်း မီးပွိုင့်အကြား၊ တက္ကသိုလ်ရိပ်သာလမ်းတစ်လျောက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပြိုင်ပွဲကို  မြန်မာနိုင်ငံ စက်ဘီးအားကစား အဖွဲ့ချုပ် (MCF) နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမယ့်  စက်ဘီးပြိုင်ပွဲအမျိုးအစား ခြောက်မျိုးကို နိုင်ငံ့လက်ရွေးစင်အဆင့်နဲ့ ဝါသနာရှင်အဆင့် စက်ဘီး အားကစားသမားတွေက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရန်ကုန်ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က  မန္တလေးမြိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ လက်ရွေးစင် စက်ဘီးအားကစားသမားတွေနဲ့  အာဆီယံနိုင်ငံ လေးနိုင်ငံက ပြိုင်ပွဲဝင်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒေသတွင်း ပထမဦးဆုံး ဖိတ်ခေါ် ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲ အပြီး လအနည်းငယ်အကြာမှာ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ် ။

ပြိုင်ပွဲ အမျိုးအစားတစ်ခုစီကို ယှဉ်ပြိုင်ရမယ့်  စုစုပေါင်း အပတ်ရေ ပြီးဆုံးသည်အထိ စီးနင်းနိုင်တဲ့  အရင်ဆုံး ပန်းဝင်သူ (၅) ဦးကို ဆုင်္ချီးမြှင့်မှာဖြစ်ပါတယ်။  Road Bike Race (ပြိုင်ဘီး)ပြိုင်ပွဲမှာ ပထမဆုငွေကျပ်ငါးသိန်း၊Mountain Bike Races (တောင်တက်စက်ဘီး) ပြိုင်ပွဲကို ပထမဆုငွေကျပ် နှစ်သိန်း ဆုအသီးသီးချီးမြှင့်သွားမှာဖြစ်ပါတယ်။

?bph6