
0
186






<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်​ဦးမြို့ပေါ်မှာ ပစ်​ခတ်​မှုတွေဖြစ်​ပွား

ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့ပေါ်မှာ  မတ်လ ၁၅ရက်နေ့ ညပိုင်း ၁၀ နာရီ ၁၅ လောက်​ကစတင်​ပြီးတော့ ပစ်​ခတ်​မှုတွေ ဖြစ်​ပွားနေတာ ဖြစ်ပါတယ်။

အင်​အား ၂၀ ခန်​့လောက်​ရှိတဲ့ တပ်​မတော်​စစ်​ကြောင်​းတစ်​ခုဟာ ည ၉ နာရီခန့် အချိန်မှာ မြို့တွင်​းလမ်​းအတိုင်​း ခြေလျင်​သွားခဲ့ကြတာဖြစ်​ပြီး ည ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ  ပေါက်​ကွဲသံတစ်​ခုကို ကြားလိုက်​ပြီးတာနဲ့ သေနတ်​ပစ်​ခတ်​သံတွေ ထွက်​ပေါ်လာခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေ ပြောပါတယ် ။

အဲ့ဒီပစ်​ခတ်​သံတွေဟာ မြို့စွန်​နေရာတွေဖြစ်​တဲ့ ဆင်​ချဆိပ်​ရပ်​ကွက်​ အနီးဝန်​းကျင်​၊ ကျောက်​ရာဇ်​ကေရပ်​ကွက်​ အနီးဝန်​းကျင်​တွေက ကြားနေရတာ ဖြစ်ကြောင်း ဒေသခံတွေ ပြောပါတယ် ။

မနေ့ညကဖြစ်​ပွားခဲ့တဲ့ မြောက်​ဦးမြို့ပေါ်ပစ်​ခတ်​မှုဖြစ်​စဉ်​ကြောင်​့ လူနေရပ်​ကွက်​တွေအတွင်​း လက်​နက်​ကြီး ကျည်​ကျရောက်​တဲ့အတွက်​ ကျောက်​ရာဇ်​ကေရပ်​ကွက်​က အသက်​ ၅၀ ဝန်​းကျင်​အရွယ်​ ဒေါ်ခင်​ခင်​သိန်​းဟာ နေအိမ်​မှာ အိပ်​နေစဉ်​ ကျည်​ထိဒဏ်​ရာရရှိခဲ့ပါတယ်​။

ယဉ်​ကျေးမှု အမွေအနှစ်​တွေဖြစ်​တဲ့ ထုက္ကန်​သိမ်​ပုထိုးနဲ့ သှစ်​သောင်​း ပုထိုးတော်​တွေအကြားမှာ တစ်​လုံးကျ ရောက်​ခဲ့ပြီး အနောက်​မြေထဲစေတီမှာလည်​း ထိခိုက်​မှုတွေရှိခဲ့တာဖြစ်​ပါတယ်​။

?bph6