
0
271




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော်နဲ့ AA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက်   ကုလ စိုးရိမ်

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ AAတိုကြား လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရတယ်လို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က အခုလိုပြောဆိုခဲ့ပါတယ်။

မနေ့က မတ်လ ၁၅ရက်နေ့ က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလိုပြောခဲ့တာပါ။

တပ်မတော်နဲ့ AA လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ကျွန်တော်တို့ အတွက် စိုးရိမ်စရာဖြစ်ကြောင်းနဲ့ မြန်မာ့လုံခြုံရေး တာဝန်ရှိသူတွေကို တိုက်ခိုက်နေမှုအပေါ် ရှုတ်ချကြောင်း၊ အဲဒီအတွက် ဒုက္ခရောက်နေသူတွေနဲ့သူတို့မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းရကြောင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားကြောင်း  VOA သတင်းမှာဖော်ပြထားပါတယ်။

?bph6