ေက်ာ္ထက္ေက်ာ္ ဂံုနီစက္႐ံုအလုပ္သမားတစ္ဝက္ေက်ာ္ တစ္ဦးကို နစ္နာေၾကး ၁၆သိန္းခြဲရ

0
202

ေက်ာ္ထက္ေက်ာ္ ဂုံနီစက္႐ုံအလုပ္သမား တစ္၀က္ေက်ာ္ဟာ တစ္ဦးကုိ ၁၆ သိန္းခြဲ အလုပ္ထုတ္ နစ္နာေၾကးရရွိခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ စိုင္းဟန္ကေပးပို႔ထားပါတယ္။

ေက်ာ္ထက္ေက်ာ္ ဂုံနီ/ေလ်ာ္ေ႐ြးေလ်ာ္ထုတ္စက္႐ုံ ရပ္နားၿပီးေနာက္ အလုပ္သမားေတြ အလုပ္အကိုင္တည္ၿမဲမႈရွိေရး ၂လ နီးပါးေတာင္းဆိုခဲ့ၿပီးေနာက္ ခုံသမာဓိညိႇႏိႈင္းေပးခ်က္အရ အလုပ္သမားေတြက နစ္နာေၾကး ၁၆သိန္း ခြဲယူဖို႔ သေဘာတူညီ ခ့ဲပါတယ္။

မတ္လ ၁၄ ရက္ေန႔မွာ ကုမၸဏီက စက္႐ုံအနီးရွိ ဘုရင့္ေနာင္ေဂါက္သီး႐ိုက္ ေလ့က်င့္ေရးကြင္းမွာ အလုပ္ထုတ္နစ္နာေၾကးေပးခ့ဲတာပါ။
က်န္တဲ့ အလုပ္သမားတစ္ခ်ိဳ႕က လုပ္ငန္းခြင္တည္ၿမဲေရး ဆက္လက္ေတာင္းဆိုသြားမွာ ျဖစ္ၿပီး အလုပ္ထုတ္ နစ္နာေၾကးမယူဘူးလို႔ ေက်ာ္ထက္ေက်ာ္စက္႐ုံ အေျခခံအလုပ္သမားအဖြဲ႕အစည္းက အတြင္းေရးမွဴးက ေျပာပါတယ္။

Soundbite – ဦးစိုးလြင္ (အတြင္းေရးမွဴး)
ေက်ာ္ထက္ေက်ာ္စက္႐ုံအေျခခံအလုပ္သမားအဖြဲ႔အစည္း

အ့ဲဒီလို ကုမၸဏီက ေပးတ့ဲ အလုပ္ထုတ္နစ္နာေၾကး မယူတာဟာ အလုပ္သမားအဖြဲ႕အစည္းဦးေဆာင္သူေတြက နစ္နာေၾကးအတြက္ အလုပ္သမားေတြနဲ႔ ညိႇႏိႈင္းမႈမရွိဘဲ သေဘာတူညီခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ေျပာပါတယ္။

မူလေတာင္းဆိုခ့ဲတဲ့ အလုပ္အကိုင္တည္ၿမဲေရးအပါအ၀င္ ေတာင္းဆိုခ်က္ ၄ ခ်က္ကို ဆက္လက္ ေတာင္းဆိုသြားမယ္လို႔ နစ္နာေၾကးေငြ မယူတဲ့ အလုပ္သမားေတြက ေျပာပါတယ္။

Soundbite – ေဒၚတိုးတိုး၀င္း (စက္႐ုံလုပ္သား)
ေက်ာ္ထက္ေက်ာ္စက္႐ုံအေျခခံအလုပ္သမားအဖြဲ႔အစည္း

ေက်ာ္ထက္ေက်ာ္စက္႐ုံဘက္က စက္႐ုံပိတ္သိမ္းလို႔ နစ္နာေၾကးေပးရမယ့္ အလုပ္သမား ၃၀၆ ဦးထဲက တစ္ဦးကို ေငြက်ပ္ ၁၆ သိန္းခြဲ ေပးသြားမွာျဖစ္သလို ေလ်ာ္ေၾကးမယူတ့ဲ လုပ္သားေတြကို ႐ုံးတက္ရက္ ၅ ရက္ေက်ာ္လြန္ပါက ျပန္လည္စဥ္းစားသုံးသပ္ညိႇႏိႈင္းသြားမယ္လို႔ ေက်ာ္ထက္ေက်ာ္ကုမၸဏီရဲ႕ တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

Soundbite- ဦးမ်ိဳးတင့္ (စက္႐ုံမွဴး)
ေက်ာ္ထက္ေက်ာ္ကုမၸဏီ

ေက်ာ္ထက္ေက်ာ္ အုတ္က်င္းဂုန္နီအိတ္္စက္ရံု ပိတ္သိမ္းခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၉ ရက္ေန႔က စတင္ၿပီး အလုပ္သမားေတြဟာ စက္႐ုံေရွ႕မွာ ၂ လနီးပါး အလုပ္အကိုင္တည္ၿမဲေရး ေတာင္းဆိုခဲ့သလို ၿမိဳ႕ေတာ္ခန္းမေရွ႕အပါအ၀င္ ၄ ႀကိမ္ေျမာက္လည္း ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္ခင္ဗ်ာ။

ကျော်ထက်ကျော် ဂုံနီစက်ရုံအလုပ်သမား တစ်ဝက်ကျော်ဟာ တစ်ဦးကို ၁၆ သိန်းခွဲ အလုပ်ထုတ် နစ်နာကြေးရရှိခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်ကပေးပို့ထားပါတယ်။

ကျော်ထက်ကျော် ဂုံနီ/လျော်ရွေးလျော်ထုတ်စက်ရုံ ရပ်နားပြီးနောက် အလုပ်သမားတွေ အလုပ်အကိုင်တည်မြဲမှုရှိရေး ၂လ နီးပါးတောင်းဆိုခဲ့ပြီးနောက် ခုံသမာဓိညှိနှိုင်းပေးချက်အရ အလုပ်သမားတွေက နစ်နာကြေး ၁၆သိန်း ခွဲယူဖို့ သဘောတူညီ ခဲ့ပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ ကုမ္ပဏီက စက်ရုံအနီးရှိ ဘုရင့်နောင်ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းမှာ အလုပ်ထုတ်နစ်နာကြေးပေးခဲ့တာပါ။
ကျန်တဲ့ အလုပ်သမားတစ်ချို့က လုပ်ငန်းခွင်တည်မြဲရေး ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပြီး အလုပ်ထုတ် နစ်နာကြေးမယူဘူးလို့ ကျော်ထက်ကျော်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းက အတွင်းရေးမှူးက ပြောပါတယ်။

Soundbite – ဦးစိုးလွင် (အတွင်းရေးမှူး)
ကျော်ထက်ကျော်စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်း

အဲ့ဒီလို ကုမ္ပဏီက ပေးတဲ့ အလုပ်ထုတ်နစ်နာကြေး မယူတာဟာ အလုပ်သမားအဖွဲ့အစည်းဦးဆောင်သူတွေက နစ်နာကြေးအတွက် အလုပ်သမားတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ သဘောတူညီခဲ့တာကြောင့် ဖြစ်တယ်လို့ပြောပါတယ်။

မူလတောင်းဆိုခဲ့တဲ့ အလုပ်အကိုင်တည်မြဲရေးအပါအဝင် တောင်းဆိုချက် ၄ ချက်ကို ဆက်လက် တောင်းဆိုသွားမယ်လို့ နစ်နာကြေးငွေ မယူတဲ့ အလုပ်သမားတွေက ပြောပါတယ်။

Soundbite – ဒေါ်တိုးတိုးဝင်း (စက်ရုံလုပ်သား)
ကျော်ထက်ကျော်စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်း

ကျော်ထက်ကျော်စက်ရုံဘက်က စက်ရုံပိတ်သိမ်းလို့ နစ်နာကြေးပေးရမယ့် အလုပ်သမား ၃၀၆ ဦးထဲက တစ်ဦးကို ငွေကျပ် ၁၆ သိန်းခွဲ ပေးသွားမှာဖြစ်သလို လျော်ကြေးမယူတဲ့ လုပ်သားတွေကို ရုံးတက်ရက် ၅ ရက်ကျော်လွန်ပါက ပြန်လည်စဉ်းစားသုံးသပ်ညှိနှိုင်းသွားမယ်လို့ ကျော်ထက်ကျော်ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Soundbite- ဦးမျိုးတင့် (စက်ရုံမှူး)
ကျော်ထက်ကျော်ကုမ္ပဏီ

ကျော်ထက်ကျော် အုတ်ကျင်းဂုန်နီအိတ်စက်ရုံ ပိတ်သိမ်းခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က စတင်ပြီး အလုပ်သမားတွေဟာ စက်ရုံရှေ့မှာ ၂ လနီးပါး အလုပ်အကိုင်တည်မြဲရေး တောင်းဆိုခဲ့သလို မြို့တော်ခန်းမရှေ့အပါအဝင် ၄ ကြိမ်မြောက်လည်း ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်ခင်ဗျာ။

?bph6