
0
210




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အားလုံးကို အစိုးရ ကဖိတ်ခေါ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရဘက်က မတ်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။

ဖိတ်ခေါ်လိုက်တဲ့ စာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံး နဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးလိုတာကြောင့် လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်စဉ်တွေ နဲ့ ပက်သက်ပြီး အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ဖို့လည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

?bph6