မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ပွဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မယ်

0
319




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားဖွင့်ပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မယ်

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် နယ်ခြားသောင်ရင်းမြစ်ကျော် အမှတ် (၂) ချစ်ကြည်ရေး တံတားကို လာမယ့် မတ်လ ၁၉ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဖွင့်ပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သွားမှာ ဖြစ်ပါတယ်။

အဲဒီ တံတားဖွင့်ပွဲကို မတ်လ (၁၉) ရက်နေ့ ညနေ (၄) နာရီမှာစတင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် နိုင်ပရာယွတ်ကျန်အိုချာတို့လည်း တက်ရောက်သွားမှာဖြစ်ပါတယ်။

အမှတ် (၂) ချစ်ကြည်ရေးတံတားစီမံကိန်းကို ထိုင်းနိုင်ငံက ၂၀၁၅ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့မှာ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းဘတ်ငွေ သန်း (၃၉၀ဝ) ကုန်ကျခံခဲ့တာလည်း ဖြစ်ပါတယ်။ မဲဆောက် – မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားအရှည်မှာ မြန်မာဘက်ခြမ်း(၄) ကီလိုမီတာဖြစ်ပြီး ထိုင်းဘက်ခြမ်းမှာ (၁၇) ကီလိုမီတာဖြစ်ပါတယ်။

?bph6