
0
539




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထောက်ခံချက် မရှိတဲ့ သောက်ရေသန့် လုပ်ငန်းတစ်ခုကို ပိတ်သိမ်း

လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ သောက်ရေသန့်စက်ရုံတစ်ခုကို အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် မရှိတာကြောင့် ပိတ်သိမ်းလိုက်ပါတယ်။

ဒါ့အပြင် ပိတ်သိမ်းလိုက်တဲ့ ‘အေးမြကြည်’ သောက်ရေသန့်လုပ်ငန်း အနေနဲ့ ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး မရောင်းချဖို့ ခံဝန်ကတိရေးထိုးခဲ့ပြီး ကတိဖောက်ဖျက်တာနဲ့ အမျိုးသား အစားအသောက် ဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။

မတ်လ ၁၃ ရက်နေ့က ‘အေးမြကြည်’ သောက်ရေသန့်လုပ်ငန်းတစ်ခုကို ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ရာမှာ စက်ရုံအတွင်း ဖွဲ့စည်းပုံ(Layout) မရှိတာတွေ၊ စက်ရုံထုတ်လုပ်မှုအလိုက် အခန်းတွေ မရှိတာတွေအပြင် ၊ စက်ကိရိယာတွေ ကောင်းမွန်စွာ အလုပ် မလုပ်ခြင်း၊ ထိန်းသိမ်းမှုမရှိခြင်း၊ စက်ရုံအတွင်း သန့်ရှင်းမှု မရှိခြင်း တို့ကြောင့် ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်(GMP) နဲ့ ကိုက်ညီမှု မရှိကြောင်းတွေ့ရှိရတာကြောင့် စက်ရုံကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

?bph6