ျပည္ခိုင္ၿဖိဳးအမတ္ တင္သြင္းတဲ့ ဗိုလ္ခ်ဳပ္႐ုပ္တု ကိစၥ လႊတ္ေတာ္က ပယ္ခ်

0
372

ျမန္မာႏိုင္ငံတစ္ခုလံုးမွာရွိတဲ့ ဗိုလ္ခ်ဳပ္႐ုပ္တုေတြနဲ႔ ပက္သက္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ေမးျမန္းခဲ့တာကို လႊတ္ေတာ္က ပယ္ခ်ခဲ့ပါတယ္။

ထုလုပ္ထားတဲ့ ဗိုလ္ခ်ဳပ္႐ုပ္တုေတြဟာ ၁၉၆၂ ခုႏွစ္၊ သမိုင္းဝင္ေမာ္ကြန္းဥပေဒနဲ႔အညီ ဟုတ္၊ မဟုတ္နဲ႔ ေဒသတခ်ိဳ႕မွာ ထုလုပ္ထားတဲ့ ႐ုပ္တုေတြဟာ ပံုစံအခ်ိဳးမက်တာေတြေၾကာင့္ ဗိုလ္ခ်ဳပ္ရဲ့ ဂုဏ္သိကၡာကို ထိခိုက္ေစတယ္ဆိုၿပီး မတ္လ ၁၄ ရက္ေန႔က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမာင္သင္းက ဗိုလ္ခ်ဳပ္ရုပ္တုေတြနဲ႔ ပက္သက္ၿပီး ေမးျမန္းခဲ့တာပါ။

ေမးျမန္းမႈနဲ႔ ပက္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္က ၿပီးခဲ့တဲ့ အျဖစ္အပ်က္ေတြကို ျပန္ေမးတဲ့သေဘာျဖစ္ေန တယ္လို႔ ဆိုၿပီး လႊတ္ေတာ္က ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ခိုင်ဖြိုး အမတ် တင်သွင်းတဲ့ ဗိုလ်ချုပ်ရုပ်တု ကိစ္စ လွှတ်တော်က ပယ်ချ

မြန်မာနိုင်ငံတစ်ခုလုံးမှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုတွေနဲ့ ပက်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းခဲ့တာကို လွှတ်တော်က ပယ်ချခဲ့ပါတယ်။

ထုလုပ်ထားတဲ့ ဗိုလ်ချုပ်ရုပ်တုတွေဟာ ၁၉၆၂ ခုနှစ်၊ သမိုင်းဝင်မော်ကွန်းဥပဒေနဲ့အညီ ဟုတ်၊ မဟုတ်နဲ့ ဒေသတချို့မှာ ထုလုပ်ထားတဲ့ ရုပ်တုတွေဟာ ပုံစံအချိုးမကျတာတွေကြောင့် ဗိုလ်ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မတ်လ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဗိုလ်ချုပ်ရုပ်တုတွေနဲ့ ပက်သက်ပြီး မေးမြန်းခဲ့တာပါ။

မေးမြန်းမှုနဲ့ ပက်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်မေးတဲ့သဘောဖြစ်နေ တယ်လို့ ဆိုပြီး လွှတ်တော်က ပယ်ချခဲ့တာဖြစ်ပါတယ်။

?bph6