ေျမာက္ဦးေဆး႐ုံကို ေဆးကုသဖို႔လာရင္း ဖမ္​းဆီးခံလိုက္​ရတဲ့ လူငယ္​ေသဆုံးခဲ့ၿပီး ဒီကေန႔ မီးသၿဂၤ ိဳလ္ခဲ့

0
285

ငွက္​ဖ်ားေရာဂါ အျပင္​းအထန္​ျဖစ္​ပြားေနတဲ့အတြက္​ ေျမာက္​ဦးေဆးရံုကို ေဆးကုသမႈခံယူဖို႔ လာတဲ့အခ်ိန္​မွာ တပ္မေတာ္က ဖမ္​းဆီးေခၚေဆာင္ခံခဲ့ရတဲ့ ေမာင္လွေမာင္၀င္း ေသဆုံးခဲ့ၿပီး ဒီကေန႔ ေျမာက္ဦးသုသာန္မွာ သၿဂိဳလ္လိုက္ပါတယ္။

ရခိုင္​ျပည္​နယ္​ မင္​းျပားၿမိဳ႕နယ္​ ပန္​းေျမာင္​ေက်း႐ြာအနားက သေပါ့စာတဲစုမွာ ေနထိုင္​တဲ့ ေမာင္​လွေမာင္​ဝင္​း (ဘ) ဦးေက်ာ္​လွသိန္​း ၂၃ ႏွစ္​ဟာ မတ္​လ ၁၂ ရက္​ေန႔က ေျမာက္​ဦးေဆးရံုကို ေဆးကုသမႈခံယူဖို႔ လာတဲ့အခ်ိန္​မွာ တပ္မေတာ္က ဖမ္​းဆီးေခၚေဆာင္တာ ခံခဲ့ရတာပါ။

အဲ့ဒီလူငယ္​ဟာ ငွက္​ဖ်ားေရာဂါေၾကာင္​့ သတိေမ့ေနတဲ့အတြက္​ တဲစုနဲ႔နီးစပ္​တဲ့ ေက်ာင္​းေတာင္​ေက်း႐ြာက လူမႈကူညီေရးအသင္​းကို အကူညီေတာင္​းခံခဲ့တာေၾကာင္​့ အဲ့ဒီအဖြဲ႕ေတြက ၆ ဦးလိုက္​ပါလာၿပီး ဆင္​ကိုးေက်း႐ြာကေနတစ္​ဆင္​့ ကားနဲ႔သယ္​ေဆာင္​လာစဥ္​ ေခ်ာင္​းသစ္​႐ြာအနီးမွာ ဖမ္​းဆီးခံ လိုက္​ရ တာျဖစ္​ပါတယ္​။
အဲ့ဒီကားမွာပါလာတဲ့ ကားသမားသံုးဦး၊ လူနာတစ္​ဦးနဲ႔၊ လိုက္ပို႔သူ ၆ ဦးတို႔ကို တပ္​မေတာ္​က ဖမ္​း ဆီးသြားတာလို႔ မိသားစုဝင္​ေတြက ေျပာပါတယ္​။ ငွက္​ဖ်ားျဖစ္​ေနတဲ့ ကိုလွေမာင္​ဝင္​းဟာ အခ်ိန္​မီေဆးကုသမႈ ခံယူခြင္​့ မရရွိခဲ့တာေၾကာင္​့ ေသဆံုးသြားတာျဖစ္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဖမ္းဆီးခံခဲ့ရၿပီးေနာက္တစ္ေန႔မွာ သူ႔ရဲ႕အေလာင္​းကို ရဲယူနီေဖာင္​းဝတ္​ဆင္​ၿပီးေတာ့ေဆးရံုကိုပို႔ေဆာင္​လာတဲ့ ရဲဝန္​ထမ္​းေတြက အဲ့ဒီအေလာင္​းကို ခ်က္​ခ်င္​းစစ္​ေဆးေပးဖို႔ေျပာေပမယ္​့ ေဆးရံုကခြင္​့မျပဳတဲ့အတြက္​ ယူနီေဖာင္​းကိုျပန္​ၿပီးခြၽတ္​ယူသြားတယ္​လို႔ ၿမိဳ႕ခံတစ္​ဦးကေျပာပါတယ္​။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးဆေးရုံကို ဆေးကုသဖို့လာရင်း ဖမ်​းဆီးခံလိုက်​ရတဲ့ လူငယ်​သေဆုံးခဲ့ပြီး ဒီကနေ့ မီးသင်္ဂြ ိုလ်ခဲ့

ငှက်​ဖျားရောဂါ အပြင်​းအထန်​ဖြစ်​ပွားနေတဲ့အတွက်​ မြောက်​ဦးဆေးရုံကို ဆေးကုသမှုခံယူဖို့ လာတဲ့အချိန်​မှာ တပ်မတော်က ဖမ်​းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ မောင်လှမောင်ဝင်း သေဆုံးခဲ့ပြီး ဒီကနေ့ မြောက်ဦးသုသာန်မှာ သဂြိုလ်လိုက်ပါတယ်။

ရခိုင်​ပြည်​နယ်​ မင်​းပြားမြို့နယ်​ ပန်​းမြောင်​ကျေးရွာအနားက သပေါ့စာတဲစုမှာ နေထိုင်​တဲ့ မောင်​လှမောင်​ဝင်​း (ဘ) ဦးကျော်​လှသိန်​း ၂၃ နှစ်​ဟာ မတ်​လ ၁၂ ရက်​နေ့က မြောက်​ဦးဆေးရုံကို ဆေးကုသမှုခံယူဖို့ လာတဲ့အချိန်​မှာ တပ်မတော်က ဖမ်​းဆီးခေါ်ဆောင်တာ ခံခဲ့ရတာပါ။

အဲ့ဒီလူငယ်​ဟာ ငှက်​ဖျားရောဂါကြောင်​့ သတိမေ့နေတဲ့အတွက်​ တဲစုနဲ့နီးစပ်​တဲ့ ကျောင်​းတောင်​ကျေးရွာက လူမှုကူညီရေးအသင်​းကို အကူညီတောင်​းခံခဲ့တာကြောင်​့ အဲ့ဒီအဖွဲ့တွေက ၆ ဦးလိုက်​ပါလာပြီး ဆင်​ကိုးကျေးရွာကနေတစ်​ဆင်​့ ကားနဲ့သယ်​ဆောင်​လာစဉ်​ ချောင်​းသစ်​ရွာအနီးမှာ ဖမ်​းဆီးခံ လိုက်​ရ တာဖြစ်​ပါတယ်​။
အဲ့ဒီကားမှာပါလာတဲ့ ကားသမားသုံးဦး၊ လူနာတစ်​ဦးနဲ့၊ လိုက်ပို့သူ ၆ ဦးတို့ကို တပ်​မတော်​က ဖမ်​း ဆီးသွားတာလို့ မိသားစုဝင်​တွေက ပြောပါတယ်​။ ငှက်​ဖျားဖြစ်​နေတဲ့ ကိုလှမောင်​ဝင်​းဟာ အချိန်​မီဆေးကုသမှု ခံယူခွင်​့ မရရှိခဲ့တာကြောင်​့ သေဆုံးသွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရပြီးနောက်တစ်နေ့မှာ သူ့ရဲ့အလောင်​းကို ရဲယူနီဖောင်​းဝတ်​ဆင်​ပြီးတော့ဆေးရုံကိုပို့ဆောင်​လာတဲ့ ရဲဝန်​ထမ်​းတွေက အဲ့ဒီအလောင်​းကို ချက်​ချင်​းစစ်​ဆေးပေးဖို့ပြောပေမယ်​့ ဆေးရုံကခွင်​့မပြုတဲ့အတွက်​ ယူနီဖောင်​းကိုပြန်​ပြီးချွတ်​ယူသွားတယ်​လို့ မြို့ခံတစ်​ဦးကပြောပါတယ်​။

?bph6