လူငယ်တွေ စကားပြေားစွမ်းရည်တိုးတက်ဖို့ စာဖတ်ရန်လို

0
197




ရန်ကုန်တက္ကသိုလ်



ရန်ကုန်တက္ကသိုလ်


လူငယ်တွေကို စကားပြောစွမ်းရည်တိုးတက်လာဖို့အတွက် စာဖတ်ကြဖို့ ရန်ကုန်တက္ကသိုလ် အဓိပတိအသင်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။

စကားပြောဆိုခြင်းဟာလည်း အရည်အချင်းတစ်ခုဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ စကားအရာမှာ ကျွမ်းကျင်ဖို့ စကားပြောစွမ်းရည်တိုးတက်လာဖို့အတွက် စာများများဖတ်ကြဖို့ ပထမအကြိမ် တက္ကသိုလ်ပေါင်းစုံ မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အဓိပတိအသင်းရဲ့ အသင်းခေါင်းဆောင် မကြာညိုသင်းက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမမှာ ရန်ကုန်တက္ကသိုလ်ကိုယ်စားပြု အဓိပတိအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ခဲ့တာပါ။

Sound Bite – မကြာညိုသင်း (မဟာဝိဇ္ဇာ ပထမနှစ်)
ရန်ကုန်တက္ကသိုလ်

ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြောစွမ်းရည် ပြိုင်ပွဲဗဟိုအဆင့်ကို တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်အသီးသီးက ရွေးချယ်ယှဉ်ပြိုင်ပြီး တက်ရောက်လာတဲ့ အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပညာသင်ကာလအတွင်း အတန်းထဲရှိ ဆရာနဲ့ တပည့် အပြန်အလှန် ပြောဆိုလေ့ကျင့်ပေးခဲ့တာကြောင့် ကျောင်းသူကျောင်းသားတွေ စကားပြောစွမ်းရည် တက်လာခဲ့တယ်လို့လည်းပြောပါတယ်။

Sound Bite – မကြာညိုသင်း (မဟာဝိဇ္ဇာ ပထမနှစ်)
ရန်ကုန်တက္ကသိုလ်

ပညာရေးဝန်ကြီးဌာန Mytel & Skynet တို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ ပထမအကြိမ် မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲမှာ ပထမဆုရရှိတဲ့ အဓိပတိအသင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆုငွေ ကျပ်သိန်း ၁၅၀ နဲ့ ဆုဖလား၊ ဒုတိယဆုရ ဒဂုံမောင်အသင်းကို Mytel ရဲ့ ဥက္ကဌ ဦးခင်မောင်စိုး က ဆုငွေ ကျပ်သိန်း၆၀နှင့်ဆုဖလား အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

?bph6