
0
180




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝေသာလီကျေးရွာအနီးမှာ ပစ်ခတ်မှုတွဖြစ်ခဲ့ပြီး ဒေသခံတစ်ဦး ကျည်ထိမှန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီးမှာ AA လက်နက်ကိုင်အဖွဲ့ က တပ်မတော် စစ်ကြောင်းတစ်ခုကို မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ဝေသာလီကျေးရွာအနီးမှာရှိတဲ့ ဘူးရွက်မညှိုးကျေးရွာဘက်ကို ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရာ နေအိမ်အချို့ လက်နက်ကျည်ကျမှုတွေ ရှိခဲ့တာပါ။

အဲဒီလို ပစ်ခတ်မှုကြောင့် ဘူးရွက်​မညှိုး ကျေးရွာသားတစ်​ဦး ကျည်​ထိမှန် ဒဏ်​ရာရရှိခဲ့ပြီး နေအိမ်​တွေပျက်​စီး ခဲ့ပါတယ်​။ ဒဏ်​ရာရရှိသွားတဲ့ ဘူးရွက်​မညှိုးကျေးရွာသား ကိုမောင်​စိုးဝင်​းဟာ သေနတ်​ကျည်​ထိမှန်​ပြီး ရွာပြင်​က ဘောလုံးကွင်​းထဲမှာ လဲကျနေတာကြောင်​့ ရွာသားတွေက တိန်​ညိုဆေးရုံကို လိုက်​လံပို့ဆောင်​ပေးခဲ့ကြပြီး အခြေအနေစိုးရိမ်ရတဲ့အတွက် ​ စစ်​တွေဆေးရုံကြီးကို ဆက်​လက် ​ပို့ဆောင်​ပေးခဲ့ရတယ်​လို့ ဒေသခံရွာသား တွေကပြောပါတယ်​။

ဒါအ့ပြင် ဘူးရွက်​မညှိုးရွာ၊ ဘုရားကြီးရွာနဲ့ လက္ကာရွာတွေက နေအိမ်​တွေမှာ လက်​နက်​ကြီးကျည်​တွေ ကျရောက်​တာကြောင်​့ ပျက်စီးမှုတွေရှိခဲပြီး ကျွဲနှစ်​ကောင်​သေဆုံးပြီး သုံးကောင် ​ဒဏ်​ရာရရှိခဲ့တယ်​လို့ ကျေးရွာသားတွေကပြောပါတယ်​။

?bph6