မန္တလေးမှာ အလုပ်သမားအရေးတောင်းဆိုခဲ့ သူတွေကို ပထမအကြိမ် ရုံးထုတ်
0
165
အလုပ်သမားအရေးတောင်းဆိုခဲ့သူတွေကို ပထမအကြိမ်ရုံးထုတ်ခဲ့ပါတယ်။ ဒီသတင်းကို MCNမန္တလေးသတင်းထောက်ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
မန္တလေးမြို့မှာ အလုပ်သမားအခွင့်အရေးတွေကို ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့တဲ့အထဲက ခေါင်းဆောင် ကိုးဦးကို ငြိမ်းစုစီ ဥပဒေတွေ တရားစွဲဆိုထားတာဖြစ်ပါတယ်။
တရားစွဲဆိုခံထားရသူတွေအနေနဲ့ တစ်ဦးကို ငွေကျပ်သိန်းနှစ်ဆယ်နဲ့ အာမခံထားရှိထားရပြီး မတ်လဆယ့်လေးရက်နေ့မှာ ပထမဆုံး ရုံးချိန်းရင်ဆိုင်ခဲ့ရတာပါ။
အင်တာဗျုး ဦးသက်နှင်းအောင် အထွေထွေအတွင်းရေးမှူးချုပ်
မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
အခုလို တရားစွဲဆိုခံထားရတာက ဥပဒေကိုကျော်လွန်ပြီး တရားစွဲဆိုခံထားရတာ ဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။ အဲ့ဒီအတွက် မတရားတဲ့ဥပဒေပုဒ်မတွေကို ဖျက်သိမ်းပေးဖို့ လှုပ်ရှားမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ။
အင်တာဗျုး ဦးသက်နှင်းအောင် အထွေထွေအတွင်းရေးမှူးချုပ်
မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
တရားစွဲခံ အလုပ်သမားခေါင်းဆောင်တွေအနေနဲ့ ဖေဖော်ဝါရီလထဲမှာ တရားဥပဒေစိုးမိုးရေး အလုပ်သမား တရားရုံးတွေပေါ်ပေါက်လာရေး စတာတွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
?bph6