
0
109



ရေကာတာ စီမံကိန်းဟာ သွေးချင်းတိုင်းရင်းသား လူ့အဖွဲ့အစည်းတွေ ပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ် တွေနဲ့ နှလုံးသွေးကြောတွေ ဖြစ်တာကြောင့် မြစ်ချောင်းတွေ ဟာရောင်းကုန်မဟုတ်ဘဲ မြစ်ဆုံရေကာတာ ဧရိယာ အတွင်းနေထိုင်တဲ့ဒေသခံတွေ က ပြောဆိုနေကြပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြီးစားရေကာတာစီမံကိန်းတွေ ရပ်တန့်ပေးဖို့ တောင်းဆို

အကြီးစားရေအားလျှပ်စစ်ထုတ် စီမံကိန်းတွေရပ်တန့်ပေးဖို့နဲ့ အနာဂတ်ရေကာတာ စီမံကိန်းတွေ အားလုံး ဖျက်သိမ်ပေးဖို့ အပြည်ပြည်ဆိုင် မြစ်ချောင်းများနေ့မှာ သံလွင်မြစ်ထိန်းသိမ်း ကာကွယ်ရေး ကွန်ရက်က တောင်းဆို လိုက်ပါတယ်။

နိုင်ငံတစ်ဝန်းရှိ တိုင်းပြည်ရဲ့အင်အားတွေဖြစ်တဲ့ မြစ်ကြီးတွေကို လွတ်လပ်စွာစီးဆင်းစေရေး အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုနိုင်ဖို့ နိုင်ငံသားပြည်သူတွေ အားလုံးရဲ့အသက်သွေးကြောဖြစ်တဲ့ အဖိုးတန်မြစ်ကြီးတွေ ၊မြစ်လက်တက်တွေအပေါ်ရေကာတာ ဆောက်လုပ်နေမှုကို လုံးဝမပြုလုပ်နိုင်ဖို့ သဘောထား ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရေကာတာ စီမံကိန်းဟာ သွေးချင်းတိုင်းရင်းသား လူ့အဖွဲ့အစညး်တွေ ပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ် တွေနဲ့ နှလုံးသွေးကြောတွေ ဖြစ်တာကြောင့် မြစ်ချောင်းတွေ ဟာရောင်းကုန်မဟုတ်ဘဲ မြစ်ဆုံရေကာတာ ဧရိယာ အတွင်းနေထိုင်တဲ့ဒေသခံတွေ က ပြောဆိုနေကြပါတယ်။

?bph6