EU က ကုန္သြယ္မႈ ရုပ္သိမ္းရင္ အလုပ္သမား အျပင္းပြားမႈေတြ ေျဖရွင္းႏုိင္မွာ မဟုတ္

0
100

EU က ကုန္သြယ္မႈအထူးအခြင့္အေရး GSP ရုပ္သိမ္းခဲ့မယ္ဆိုရင္ အလုပ္လက္မဲ့ ျဖစ္မယ့္ အလုပ္သမားေတြရဲ႕ အျငင္းပြားမႈျပႆနာေတြကို ေျဖရွင္းႏိုင္မွာ မဟုတ္ဘူးလို႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

ဥေရာပ သမဂၢ EU က GSP ရုပ္သိမ္းမယ္ဆိုရင္ အထည္ခ်ဳပ္လုပ္ငန္းမွာ အလုပ္လုပ္ကိုင္ေနတဲ့ အလုပ္သမား ေလးသိန္းခြဲေက်ာ္ကို မွီခိုေနတဲ့ မိသားစု၀င္ေတြရဲ႕ စား၀တ္ေနေရးအတြက္ အဆင္မေျပမႈေတြျဖစ္လာႏိုင္ၿပီး အလုပ္ပိတ္သိမ္းမယ့္ အလုပ္ရွင္နဲ႔ အလုပ္သမားၾကား ျပႆနာေတြ ႀကီးထြားလာႏိုင္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ကုန္သြယ္မႈအထူးအခြင့္အေရး ႐ုပ္သိမ္းမယ္ဆိုရင္ ျမန္မာႏိုင္ငံကို ၀င္ေရာက္ေနတဲ့ အထည္ခ်ဳပ္ ေအာ္ဒါေတြ ေလ်ာ့နည္းသြားမွာျဖစ္သလို ၀င္ေငြလည္းေလ်ာ့နည္းသြားမွာျဖစ္တယ္လို႔လည္းေျပာပါတယ္။

Soundbite; ဦးေမာင္ေမာင္ (ဥကၠ႒)
ျမန္မာနိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

ျပည္တြင္းမွာ ဖြင့္လွစ္ထားတဲ့ အထည္ခ်ဳပ္လုပ္ငန္း ၆၀ ေက်ာ္ဟာ ဥေရာပေစ်းကြက္ကို အဓိကထားေပးပို႔ ေနတာျဖစ္ၿပီး အထည္ခ်ဳပ္လုပ္ငန္းမွာလုပ္ကိုင္ေနတဲ့ အလုပ္သမားေတြလည္း ထိခိုက္လာမွာျဖစ္သလို ႏိုင္ငံရဲ႕စီးပြားေရးလည္း ထိခိုက္လာႏိုင္တယ္လို႔ ေျပာပါတယ္။

လက္ရွိ ကုန္သြယ္မႈအထူးအခြင့္အေရးနဲ႔ပတ္သက္ၿပီး EU ဘက္က တစ္စံုတစ္ရာဆံုးျဖတ္ထားတာမရွိ ေသးဘူးလို႔ ဦးေမာင္ေမာင္က ေျပာပါတယ္။

Soundbite; ဦးေမာင္ေမာင္ (ဥကၠ႒)
ျမန္မာနိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

ဥေရာပသမဂၢ EU ရဲ႕ ကုန္သြယ္မႈအထူးအခြင့္အေရးေၾကာင့္ ပို႔ကုန္တန္ဖိုးဟာ ၂၀၁၃ ခုႏွစ္ကစတင္ၿပီး ၄၇ ရာခိုင္ႏႈန္း တင္ပို႔ႏိုင္ခဲ့ၿပီး လာမယ့္ႏွစ္မွာ ပို႔ကုန္ ၆၀ ရာခိုင္ႏႈန္းအထိတင္ပို႔ႏိုင္ဖို႔ ကုန္သည္လုပ္ငန္းရွင္ေတြက ေမွ်ာ္မွန္းထားေနၾကပါတယ္။

ဒါ့ေၾကာင့္ ကုန္သြယ္မႈအထူးအခြင့္အေရးသာ ဆက္လက္ရရွိမယ္ဆိုရင္ ၂၀၁၉ ခုႏွစ္အတြက္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအလားအလာဟာ ပိုမုိေကာင္းမြန္လာႏိုင္သလို အလုပ္အကိုင္အခြင့္အလမ္းေတြလည္း ပိုမိုေကာင္းလာမယ္လို႔လည္း ေျပာပါတယ္ရွင္။

EU က ကုန်သွယ်မှုအထူးအခွင့်အရေး GSP ရုပ်သိမ်းခဲ့မယ်ဆိုရင် အလုပ်လက်မဲ့ ဖြစ်မယ့် အလုပ်သမားတွေရဲ့ အငြင်းပွားမှုပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

ဥရောပ သမဂ္ဂ EU က GSP ရုပ်သိမ်းမယ်ဆိုရင် အထည်ချုပ်လုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား လေးသိန်းခွဲကျော်ကို မှီခိုနေတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် အဆင်မပြေမှုတွေဖြစ်လာနိုင်ပြီး အလုပ်ပိတ်သိမ်းမယ့် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာတွေ ကြီးထွားလာနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကုန်သွယ်မှုအထူးအခွင့်အရေး ရုပ်သိမ်းမယ်ဆိုရင် မြန်မာနိုင်ငံကို ဝင်ရောက်နေတဲ့ အထည်ချုပ် အော်ဒါတွေ လျော့နည်းသွားမှာဖြစ်သလို ဝင်ငွေလည်းလျော့နည်းသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။

Soundbite; ဦးမောင်မောင် (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ အထည်ချုပ်လုပ်ငန်း ၆၀ ကျော်ဟာ ဥရောပဈေးကွက်ကို အဓိကထားပေးပို့ နေတာဖြစ်ပြီး အထည်ချုပ်လုပ်ငန်းမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေလည်း ထိခိုက်လာမှာဖြစ်သလို နိုင်ငံရဲ့စီးပွားရေးလည်း ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိ ကုန်သွယ်မှုအထူးအခွင့်အရေးနဲ့ပတ်သက်ပြီး EU ဘက်က တစ်စုံတစ်ရာဆုံးဖြတ်ထားတာမရှိ သေးဘူးလို့ ဦးမောင်မောင်က ပြောပါတယ်။

Soundbite; ဦးမောင်မောင် (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

ဥရောပသမဂ္ဂ EU ရဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးကြောင့် ပို့ကုန်တန်ဖိုးဟာ ၂၀၁၃ ခုနှစ်ကစတင်ပြီး ၄၇ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ပြီး လာမယ့်နှစ်မှာ ပို့ကုန် ၆၀ ရာခိုင်နှုန်းအထိတင်ပို့နိုင်ဖို့ ကုန်သည်လုပ်ငန်းရှင်တွေက မျှော်မှန်းထားနေကြပါတယ်။

ဒါ့ကြောင့် ကုန်သွယ်မှုအထူးအခွင့်အရေးသာ ဆက်လက်ရရှိမယ်ဆိုရင် ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာဟာ ပိုမိုကောင်းမွန်လာနိုင်သလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုကောင်းလာမယ်လို့လည်း ပြောပါတယ်ရှင်။

?bph6