ရန္ကုန္ စည္ပင္ေ႐ြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာသူ ၃၀၀ ေက်ာ္က ေစာင့္ၾကည့္ေလ့လာမယ္

0
249

ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီအဆင္႔ဆင္႔ေရြးေကာက္ပြဲကုိ ေစာင္႔ၾကည္႔ေလ႔လာသူ ၃၀၀ ေက်ာ္က ေစာင္႔ၾကည္႔တာေတြ ျပဳလုပ္ျပီး ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ျပည္သူကုိသိရွိေအာင္ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးကေပးပုိ႕ထားပါတယ္။

မတ္လ ၃၁ ရက္ေန႔မွာ ျပဳလုပ္မယ္႔ ရန္ကုန္ၿမဳိ႔ေတာ္ စည္ပင္သာယာေရး ေကာ္မတီအဆင္႔ဆင္႔ ေရြးေကာက္ပြဲမွာ ေရြးေကာက္ပြဲေစာင့္ၾကည့္ ေလ႔လာသူ ၃၀၀ ေက်ာ္ ေစာင့္ၾကည့္တာေတြ ျပဳလုပ္ျပီး ေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ျပည္သူကုိ သိရွိေအာင္ ျပဳလုပ္သြားမွာျဖစ္တယ္လုိ New Myanmar Foundation ရဲ႕စီမံကိန္း ေရးရာတာ၀န္ခံ ကေျပာပါတယ္။

New Myanmar Foundation ကုိ ေရြးေကာက္ပြဲေစာင္႔ၾကည္႔ ေလ႔လာေရးအဖြဲ႔အေနနဲ႔ ေရြးေကာက္ပြဲ ေကာ္မရွင္က အသိအမွတ္ျပဳ လက္မွတ္ေပးထားသလို လက္ရွိ ေရြးေကာက္ပြဲေစာင္႔ၾကည္႔ ေလ႔လာေရးအဖြဲ႔၀င္ ေတြကုိ သင္တန္းပုိ႔ခ်ထားျပီးျဖစ္ပါတယ္။

Soundite ကုိေက်ာ္ထင္ (စီမံကိန္းေရးရာတာ၀န္ခံ)
New Myanmar Foundation

လက္ရွိ ကာလရွည္ ေရြးေကာက္ပြဲ ေစာင္႔ၾကည္႔ေလ႔လာသူ ၁၂ ဦးက ေရြးေကာက္ပြဲၾကဳိတင္ကာလ အေျခအေန ေတြနဲ႔ ႀကဳိတင္မဲေပးမႈ အေျခအေနေတြကုိ ေစာင္ၾကည္႔ေလ႔လာ မွတ္တမ္းတင္ထားျပီး ေရြးေကာက္ပြဲ အျပီးမွာေတာ႔ ေရြးေကာက္ခံ ကုိယ္စားလွယ္ေလာင္းေတြက ျပည္သူကုိေျပာၾကားထားတဲ႔ ကတိေတြကုိ အေကာင္အထည္ ေဖာ္မႈရွိမရွိ၊ ေစာင္႔ၾကည္႔မႈေတြနဲ႕ အတူျပည္သူနဲ႔ထိေတြတဲ႔ ဒီမုိကေရစီတစ္ရပ္ျဖစ္ေပၚဖုိ႔ တြန္းအား ေပးသြားမွာ ျဖစ္တယ္လုိေျပာပါတယ္။

Soundite ကုိေက်ာ္ထင္ (စီမံကိန္းေရးရာတာ၀န္ခံ)
New Myanmar Foundation

မတ္လ ၃၁ ရက္ေန႔မွာ က်င္းပမယ္႔ ရန္ကုန္ၿမဳိ႔ေတာ္စည္ပင္ သာယာေရးေကာ္မတီ အဆင္႔ဆင္႔ေရြးေကာက္ပြဲကို ၿမဳိ႕နယ္ ၃၃ ၿမဳိ႕နယ္က မဲဆႏၵနယ္ ၆ ခုမွာ ၿမဳိ႕ေတာ္စည္ပင္ဥကၠ႒အပါအ၀င္ မဲ ၄ မဲေပးရမွာလည္းျဖစ္ပါတယ္ရွင္။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူ ၃၀ဝ ကျော်က စောင့်ကြည့်တာတွေ ပြုလုပ်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်သူကိုသိရှိအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေးပို့ထားပါတယ်။

မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်မယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူ ၃၀ဝ ကျော် စောင့်ကြည့်တာတွေ ပြုလုပ်ပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြည်သူကို သိရှိအောင် ပြုလုပ်သွားမှာဖြစ်တယ်လို New Myanmar Foundation ရဲ့စီမံကိန်း ရေးရာတာဝန်ခံ ကပြောပါတယ်။

New Myanmar Foundation ကို ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က အသိအမှတ်ပြု လက်မှတ်ပေးထားသလို လက်ရှိ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ဝင် တွေကို သင်တန်းပို့ချထားပြီးဖြစ်ပါတယ်။

Soundite ကိုကျော်ထင် (စီမံကိန်းရေးရာတာဝန်ခံ)
New Myanmar Foundation

လက်ရှိ ကာလရှည် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၁၂ ဦးက ရွေးကောက်ပွဲကြိုတင်ကာလ အခြေအနေ တွေနဲ့ ကြိုတင်မဲပေးမှု အခြေအနေတွေကို စောင်ကြည့်လေ့လာ မှတ်တမ်းတင်ထားပြီး ရွေးကောက်ပွဲ အပြီးမှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေက ပြည်သူကိုပြောကြားထားတဲ့ ကတိတွေကို အကောင်အထည် ဖော်မှုရှိမရှိ၊ စောင့်ကြည့်မှုတွေနဲ့ အတူပြည်သူနဲ့ထိတွေတဲ့ ဒီမိုကရေစီတစ်ရပ်ဖြစ်ပေါ်ဖို့ တွန်းအား ပေးသွားမှာ ဖြစ်တယ်လိုပြောပါတယ်။

Soundite ကိုကျော်ထင် (စီမံကိန်းရေးရာတာဝန်ခံ)
New Myanmar Foundation

မတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို မြို့နယ် ၃၃ မြို့နယ်က မဲဆန္ဒနယ် ၆ ခုမှာ မြို့တော်စည်ပင်ဥက္ကဋ္ဌအပါအဝင် မဲ ၄ မဲပေးရမှာလည်းဖြစ်ပါတယ်ရှင်။

?bph6