
0
860



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဲတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရခြင်းဟာ တရားမျှတမှုမရှိဘူးလို့ EU ပြော

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ နယ်က ရဲတပ်ဖွဲ့ဝင် ၉ ဦး သတ်ဖြတ်ခံခဲ့ရတာဟာ တရားမျှတမှုမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးက ပြောဆိုလိုက်ပါတယ်။

မတ်လ ၁၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တွေ ကြား ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး ၊ ကနေဒါ နဲ့ နော်ဝေ နိုင်ငံတွေက တိုက်တွန်းခဲ့ပါတယ်။

?bph6