ေတာင္းဆိုခ်က္ ၁၁ ခ်က္ကို အလုပ္႐ွင္ဘက္က သေဘာမတူပါက ဝန္ႀကီးဌာနအထိ တိုင္စာပို႔မယ္

0
382

အလုပ္သမားေတြဘက္က ကြ်မ္းက်င္ေၾကး အပါအ၀င္အခ်က္ ၁၁ ခ်က္ကို အလုပ္ရွင္ဘက္က မတ္လ ကုန္အထိ ညွိႏႈိင္းမေပးပါက ၀န္ႀကီးဌာနေတြကို စာေပးပို႔သြားမယ္လို႔ Full Way Myanmar အထည္ခ်ဳပ္စက္႐ုံအလုပ္သမားေတြက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ ထားပါတယ္။

လိႈင္သာယာ၊စက္မႈဇုန္ ၄ မွာ ဖြင့္လွစ္ထားတဲ့ Full Way Myanmar အထည္ခ်ဳပ္စက္ရံုက အလုပ္သမား ၂၀၀ ေက်ာ္က အလုပ္ရွင္ဘက္က ကြ်မ္းက်င္ေၾကးအပါအ၀င္ ဥပေဒပါ ရပိုင္ခြင့္အခ်က္ ၁၁ ခ်က္ ကို မလိုက္ေလ်ာဘူးဆိုရင္ ဆႏၵျပမႈေတြနဲ႔ ၀န္ႀကီးဌာနေတြကို စာပို႔မယ္လို႔ ေျပာပါတယ္။

စက္တင္ဘာလအတြင္းက ညွိႏႈိင္းဖ်န္ေျဖေရးရံုးမွာ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ပါ စည္းကမ္းခ်က္ေတြကို အလုပ္ရွင္ဘက္က မလိုက္နာတာေၾကာင့္ အခုလို ဒုတိယအႀကိမ္ ဆႏၵျပရတာျဖစ္တယ္လို႔ Full Way Myanmar ရဲ႕အလုပ္သမားေခါင္းေဆာင္ ကိုရဲႏိုင္က ေျပာပါတယ္။

ကိုရဲနိုင္(အလုပ္သမားေခါင္းေဆာင္)
Full Way Myanmar Clothing Co,Ltd

စက္တင္ဘာလအတြင္းခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္အရ WCC အဖြဲ႕နဲ႔ ၁၂ လပိုင္းမွာ ေဆြးေႏြးညွိႏႈိင္းသြားဖို႔ဆိုတဲ့ အခ်က္ပါရွိတာေၾကာင့္ အလုပ္သမားကိုယ္စားလွယ္ေတြအေနနဲ႔ ႏွစ္ႀကိမ္တိတိ ညွိႏႈိင္းခဲ့ေပမယ့္ ေျပလည္မႈမရွိခဲ့တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ အလုပ္သမားေတြအေပၚ Super Leader ေတြက ရိုင္းျပစြာဆက္ခံတာ၊ ေရွာင္တခင္ခြင့္ရက္ေတြကို လူကိုယ္တိုင္ လာေရာက္တိုင္ၾကားမွ ေပးတာေတြအျပင္ အလုပ္သမားအခ်င္းခ်င္း ခြဲျခားဆက္ခံရတာေတြနဲ႔ အိုတီကို ခြဲျခားေခၚတာေတြ ရွိေနတယ္လို႔လည္းေျပာပါတယ္။

ကုိေဇာ္ျမင့္(အလုပ္သမားေခါင္းေဆာင္)
Full Way Myanmar Clothing Co,Ltd

အလုပ္သမားေတြ ေတာင္းဆိုတဲ့အခ်က္ ၁၁ ခ်က္ထဲက ကြ်မ္းက်င္ေၾကး A အဆင့္ကို က်ပ္သံုးေသာင္း၊ B အဆင့္ကို က်ပ္ႏွစ္ေသာင္းနဲ႔ C အဆင့္ကို က်ပ္တစ္ေသာင္း ခုနစ္ေထာင္ေပးဖို႔ ေတာင္းေနၾကတာလည္း ျဖစ္ပါတယ္ရွင္။

အလုပ်သမားတွေဘက်က ကျွမ်းကျင်ကြေး အပါအဝင်အချက် ၁၁ ချက်ကို အလုပ်ရှင်ဘက်က မတ်လ ကုန်အထိ ညှိနှိုင်းမပေးပါက ဝန်ကြီးဌာနတွေကို စာပေးပို့သွားမယ်လို့ Full Way Myanmar အထည်ချုပ်စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ ထားပါတယ်။

လှိုင်သာယာ၊စက်မှုဇုန် ၄ မှာ ဖွင့်လှစ်ထားတဲ့ Full Way Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀ဝ ကျော်က အလုပ်ရှင်ဘက်က ကျွမ်းကျင်ကြေးအပါအဝင် ဥပဒေပါ ရပိုင်ခွင့်အချက် ၁၁ ချက် ကို မလိုက်လျောဘူးဆိုရင် ဆန္ဒပြမှုတွေနဲ့ ဝန်ကြီးဌာနတွေကို စာပို့မယ်လို့ ပြောပါတယ်။

စက်တင်ဘာလအတွင်းက ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို အလုပ်ရှင်ဘက်က မလိုက်နာတာကြောင့် အခုလို ဒုတိယအကြိမ် ဆန္ဒပြရတာဖြစ်တယ်လို့ Full Way Myanmar ရဲ့အလုပ်သမားခေါင်းဆောင် ကိုရဲနိုင်က ပြောပါတယ်။

ကိုရဲနိုင်(အလုပ်သမားခေါင်းဆောင်)
Full Way Myanmar Clothing Co,Ltd

စက်တင်ဘာလအတွင်းချုပ်ဆိုခဲ့တဲ့ စာချုပ်အရ WCC အဖွဲ့နဲ့ ၁၂ လပိုင်းမှာ ဆွေးနွေးညှိနှိုင်းသွားဖို့ဆိုတဲ့ အချက်ပါရှိတာကြောင့် အလုပ်သမားကိုယ်စားလှယ်တွေအနေနဲ့ နှစ်ကြိမ်တိတိ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအပေါ် Super Leader တွေက ရိုင်းပြစွာဆက်ခံတာ၊ ရှောင်တခင်ခွင့်ရက်တွေကို လူကိုယ်တိုင် လာရောက်တိုင်ကြားမှ ပေးတာတွေအပြင် အလုပ်သမားအချင်းချင်း ခွဲခြားဆက်ခံရတာတွေနဲ့ အိုတီကို ခွဲခြားခေါ်တာတွေ ရှိနေတယ်လို့လည်းပြောပါတယ်။

ကိုဇော်မြင့်(အလုပ်သမားခေါင်းဆောင်)
Full Way Myanmar Clothing Co,Ltd

အလုပ်သမားတွေ တောင်းဆိုတဲ့အချက် ၁၁ ချက်ထဲက ကျွမ်းကျင်ကြေး A အဆင့်ကို ကျပ်သုံးသောင်း၊ B အဆင့်ကို ကျပ်နှစ်သောင်းနဲ့ C အဆင့်ကို ကျပ်တစ်သောင်း ခုနစ်ထောင်ပေးဖို့ တောင်းနေကြတာလည်း ဖြစ်ပါတယ်ရှင်။

?bph6