
0
109




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြို့သစ်စီမံကိန်းလုပ်ရင် မှန်တယ်ထင်ပါက အမုန်းခံပြီး လုပ်ရဲရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြို့သစ်စီမံကိန်းကို လုပ်ဆောင်တဲ့အခါ နိုင်ငံအကျိုးအတွက် လုပ်ဆောင်ရတာ ဖြစ်တာကြောင့် မှန်ကန်တယ်ထင်ပါက အမုန်းခံပြီး လုပ်ရဲရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်မြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

စီမံကိန်းဖော်ဆောင်မယ့် သူတွေအနေနဲ့ မြို့သစ်စီမံကိန်းက ဘာကြောင့် လိုအပ်တယ်ဆိုတာကို အများပြည်သူ သိရှိအောင် ရှင်းလင်းပြောဖို့လိုအပ်သလို ဘယ်လိုပုံစံမျိုး လုပ်ဖို့ရှိတယ်ဆိုတာကို အသိပေးပြောကြားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နိုင်ငံအရေးအတွက် တာဝန်ယူထားရတဲ့သူတွေအတွက် နိုင်ငံရေးကို အချစ်ခံပြီး မလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

?bph6