ထူးချွန်တဲ့ လူငယ်တွေကို နိုင်ငံတကာ ပညာသင်လို့ ရအောင် သပြေဖောင်ဒေးရှင်း လုပ်ဆောင်

0
244








ထူးချွန်ပြီး ပညာရေးမှာ ပါရမီရှိတဲ့ လူငယ်တွေကို နိုင်ငံတကာ ပညာသင် အခွင့်အလမ်းတွေရရှိအောင် သပြေဖောင်ဒေးရှင်းက လုပ်ဆောင်ပေးနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

ထူးချွန်တဲ့လူငယ်တွေ၊ ပညာရေးမှာ ပါရမီရှိတဲ့ လူငယ်တွေကို နိုင်ငံတကာ ပညာသင် အခွင့်အလမ်းတွေရရှိအောင် ရှာဖွေပေးပြီး ပြည်ပမှာ ပညာဆက်လက်သင်ယူနိုင်အောင် သပြေ ပညာရေးဖောင်ဒေရှင်းက လုပ်ဆောင်ပေးနေပါတယ်။

မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ စိမ်းလန်းစိုပြေဥယျာဉ်မှာ ငြိမ်းချမ်းမှုဆိုင်ရာ လေ့လာခြင်းနဲ့ သုတေသနပြုစုခြင်း စာအုပ်သင်ရိုးသစ် မိတ်ဆက်တာနဲ့ စာအုပ်လှူဒါန်းတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

Soundbite နော်အေးငြိမ်းစိုး (Program Officer) သပြေပညာရေးဖောင်ဒေးရှင်း

သပြေပညာရေး ဖောင်ဒေးရှင်းကနေ လူငယ်တွေအတွက် ငြိမ်းချမ်းမှုဆိုင်ရာ လေ့လာခြင်းနဲ့ သုတေသနပြုစုခြင်း သင်တန်းကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး အဲ့ဒီ့သင်တန်းကနေ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ ငြိမ်းချမ်းရေးကို လူငယ်တွေ သိရှိလာနိုင်မယ်လို့ ပြောပါတယ်။

Soundbite နော်အေးငြိမ်းစိုး (Program Officer) သပြေပညာရေးဖောင်ဒေးရှင်း

အဲ့ဒီ ဖောင်ဒေးရှင်းကနေ လူငယ်တွေ သက်မွေးမှုဆိုင်ရာ အလုပ်အကိုင်တွေကို ရှာဖွေပေးတာတွေ၊ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုနဲ့ စွန့်ဦးတီထွင်မှု တွေကို လေ့လာသင်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

?bph6