ျမစ္ဆုံစီမံကိန္းမွာ ျပည္သူေတြ အျမင္က်ယ္က်ယ္ စဥ္းစားဖို႔လိုတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး

0
437

ျမစ္ဆုံစီမံကိန္းနဲ႔ ႀကီးမားတဲ႔ စီမံကိန္းေတြမွာ ျပည္သူေတြအေနနဲ႔ အျမင္က်ယ္က်ယ္ စဥ္းစားေစလိုတဲ႔အျပင္ စီးပြားေရး၊ ႏိုင္ငံေရးအတြက္ပါ စဥ္းစားေစလိုတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္ၿမိဳ႕ လူထုေတြ႔ဆုံပြဲမွာ ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ စီမံကိန္းေတြနဲ႔ ပတ္သက္ရင္ ႏိုင္ငံသိကၡာအတြက္ စကားတည္ဖို႔လိုၿပီး အခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳး ေျပာလို႔မရေၾကာင္း ထည့္သြင္းေျပာၾကား လိုက္ပါတယ္။

စီမံကိန္းလုပ္ေဆာင္တာေတြနဲ႔ ပတ္သက္ၿပီး စီးပြားေရး၊ ႏိုင္ငံေရး၊ လူမႈေရး၊ သဘာဝပတ္ဝန္က်င္အေရးေတြကို ပါ ထည့္သြင္းစဥ္းစားရတာ ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြစ်ဆုံစီမံကိန်းမှာ ပြည်သူတွေ အမြင်ကျယ်ကျယ် စဉ်းစားဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

မြစ်ဆုံစီမံကိန်းနဲ့ ကြီးမားတဲ့ စီမံကိန်းတွေမှာ ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကျယ် စဉ်းစားစေလိုတဲ့အပြင် စီးပွားရေး၊ နိုင်ငံရေးအတွက်ပါ စဉ်းစားစေလိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်မြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် စီမံကိန်းတွေနဲ့ ပတ်သက်ရင် နိုင်ငံသိက္ခာအတွက် စကားတည်ဖို့လိုပြီး အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောလို့မရကြောင်း ထည့်သွင်းပြောကြား လိုက်ပါတယ်။

စီမံကိန်းလုပ်ဆောင်တာတွေနဲ့ ပတ်သက်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်ကျင်အရေးတွေကို ပါ ထည့်သွင်းစဉ်းစားရတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။