
0
220




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မှန်ပြီး အကျိုးမရှိတဲ့စကားတွေ မပြောဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြည်သူလူထုနဲ့ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့သူတွေ တွေ့ဆုံပွဲမှာ မှန်ပြီးတော့ အကျိုးမရှိတဲ့ စကားတွေ မပြောဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မတ် ၁၄ ရက်နေ့က ပြည်မြို့ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

ပြည်သူတွေအနေနဲ့ တင်ပြလိုတဲ့ အကြောင်းအရာတွေမှာ မိမိကိုယ်တိုင် မှန်ကန်မှုရှိတယ်လို့ သိရှိပြီး ဝေဖန်သုံးသပ်နိုင်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။