မြန်မာ့စီးပွားရေး ထူးချွန်သူတွေကို ဖော်ထုတ်ပြီး အတုယူနိုင်ဖို့ စီးပွားရေး စကားဝိုင်း လုပ်မယ်
0
201
မြန်မာ့စီးပွားရေး ထူးချွန်သူတွေကို ဖော်ထုတ်ပြီး လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေ အတုယူ လေ့လာနိုင်ဖို့ စီးပွားရေးစကားဝိုင်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပိုထားပါတယ်။
Myanmar B2B Management Magazine ကဦးဆောင်ပြီး မြန်မာ့စီးပွားရေး ထူးချွန်သူတွေကိုဖော်ထုတ်ပြီး လူငယ်စီးပွားရေး လုပ်ငန်းရှင်တွေအတုယူလေ့လာနိုင်ဖို့ လစဉ် စီးပွားရေးစကားဝိုင်းတွေပြုလုပ်သွားမှာ ဖြစ်တယ်လို Myanmar B2B Management Magazine ကပြောပါတယ။်
မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ဆရာစံလမ်​းနှင်​့ တက္ကသိုလ်​ရိပ်​သာလမ်​း​ထောင်​့ရှိတဲ့ CBC Ballroom မှာ မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်းကို ပထမအကြိမ်ပြုလုပ်ခဲ့တာပါ။
Soundbite ဒေါက်တာ ထက်ဇန်လင်း (CEO)
Myanmar B2B Management Magazine
ဒါအပြင် စီးပွားရေးနယ်ပယ်စုံက လုပ်ငန်းရှင်တွေအနေနဲ့ ရင်​ဆိုင်​ရတဲ့ အခက်​အခဲ​အ​တွေ့အကြုံ​တွေကို ​မေးမြန်​းမှုတွေ ပြုလုပ်တာတွေနဲ့ စီးပွားရေးပညာရှင်တွေက မြန်​မာ့စီးပွားထူးချွန်​သူ​တွေကို လစဉ်ရွေး ထုတ်ပေးနေပြီး လက်ရှိ မြန်​မာ့စီးပွားထူးချွန်​သူ အမျိုးသား၊ အမျိုးသမီး ၂၀ ဦးရှိပြီလို့ ပြောပါတယ်။
Soundbite ဒေါက်တာ ထက်ဇန်လင်း (CEO)
Myanmar B2B Management Magazine
ဒါအပြင် အဲဒီအခမ်​းအနားမှာ ပါ​မောက္ခ​ဒေါက်​တာ​အောင်​ထွန်​းသက်​၊ SP Gems က CEO ဦး​အောင်​​ကျော်​ဇင်​၊ SP Bakery က CEO ​ဒေါ်သင်​းသင်​း​ကျော်​တို့နဲ့ ​တွေ့ဆုံ​မေးမြန်​းမှုတွေ ပြုလုပ်​ခဲ့ကြပါတယ်ရှင်။
?bph6