ISY ေက်ာင္းက Grade 8 မွာ ထူးခၽြန္စြာ ေအာင္ျမင္တဲ့ ေက်ာင္းသားႏွစ္ဦး အခမဲ့ သင္ၾကားခြင့္ျပဳ

0
279

International School Yangon (ISY) ေက်ာင္းက Grade 8 မွာ ထူးခြ်န္စြာ ေအာင္ျမင္တဲ့ေက်ာင္းသား ၂ ဦးကို Grade 12 အထိ အခမဲ့သင္ၾကားခြင့္ ျပဳသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေပးပို႔ထားပါတယ္။

Western Association and Colleges ရဲ႕ ႏိုင္ငံတကာအသိအမွတ္ျပဳ လက္မွတ္ရရွိထားတဲ့ International School Yangon (ISY) ေက်ာင္းက စက္တင္ဘာလအတြင္းမွာဖြင့္လွစ္မယ့္ ေက်ာင္းခြဲသစ္ကုိ ေနျပည္ေတာ္ Junction Hotel ၀င္းမွာ ဖြင့္လွစ္သြားမွာျဖစ္သလို ရန္ကုန္က ISY ေက်ာင္းလို ပညာသင္ဆုေတြေပးႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။

ISY ေက်ာင္းက ပညာသင္ဆုေပးရာမွာ ပညာေရးပိုင္းမွာ ထူးခြ်န္တဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြအျပင္ ယဥ္ေက်းမႈ၊ ေလ့လာသင္ယူမႈ စတဲ့က႑ေတြမွာ ထူးခြ်န္ၿပီး Grade 8 ေအာင္ျမင္ခဲ့တဲ့ေက်ာင္း သား ၂ဦးကို ေရြးခ်ယ္ေပးအပ္သြားမွာ ျဖစ္ပါတယ္။

Dr.Gregory A.Hedger ISY Director

ISY ေနျပည္ေတာ္ေက်ာင္းခြဲ ဖြင့္ဖို႔ေရြးခ်ယ္တာဟာ သံအမတ္အသိုင္းအ၀ိုင္း၊ လုပ္ငန္းရွင္အသိုင္း အ၀ိုင္းေတြအျပင္ ကုလသမဂၢအသိုင္းအ၀ိုင္းနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းက ကေလးငယ္ေတြအတြက္ ရည္ရြယ္ဖြင့္လွစ္ရတာျဖစ္တယ္လို႔လည္းေျပာပါတယ္။

Dr.Gregory A.Hedger
ISY Director

ISY ရန္ကုန္ေက်ာင္းမွာ ေက်ာင္းသားဦးေရ ၈၀၀ ရွိၿပီး ေက်ာင္းသားတစ္ဦးရဲ႕ တစ္ ႏွစ္ပညာသင္စရိတ္ဟာ အေမရိကန္ေဒၚလာ ၂၀၀၀၀ ကုန္က်မွာ ျဖစ္တယ္လို႔လည္းေျပာပါတယ္။

ISY ေက်ာင္းကို တက္ေရာက္သူအမ်ားစုဟာ ျမန္မာေက်ာင္းသားေတြျဖစ္ၿပီး ၃၀ ရာခိုင္ႏႈန္းက အေမရိကန္နိုင္ငံသား ေက်ာင္းသားေတြနဲ႔ ၄၀ ရာခိုင္ႏႈန္းေက်ာ္က ၄၈ နိုင္ငံ တကာက ေက်ာင္းသားေတြ ျဖစ္ပါတယ္ရွင္။

International School Yangon (ISY) ကျောင်းက Grade 8 မှာ ထူးချွန်စွာ အောင်မြင်တဲ့ကျောင်းသား ၂ ဦးကို Grade 12 အထိ အခမဲ့သင်ကြားခွင့် ပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ထားပါတယ်။

Western Association and Colleges ရဲ့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့ International School Yangon (ISY) ကျောင်းက စက်တင်ဘာလအတွင်းမှာဖွင့်လှစ်မယ့် ကျောင်းခွဲသစ်ကို နေပြည်တော် Junction Hotel ဝင်းမှာ ဖွင့်လှစ်သွားမှာဖြစ်သလို ရန်ကုန်က ISY ကျောင်းလို ပညာသင်ဆုတွေပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ISY ကျောင်းက ပညာသင်ဆုပေးရာမှာ ပညာရေးပိုင်းမှာ ထူးချွန်တဲ့ ကျောင်းသား၊ကျောင်းသူတွေအပြင် ယဉ်ကျေးမှု၊ လေ့လာသင်ယူမှု စတဲ့ကဏ္ဍတွေမှာ ထူးချွန်ပြီး Grade 8 အောင်မြင်ခဲ့တဲ့ကျောင်း သား ၂ဦးကို ရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Dr.Gregory A.Hedger ISY Director

ISY နေပြည်တော်ကျောင်းခွဲ ဖွင့်ဖို့ရွေးချယ်တာဟာ သံအမတ်အသိုင်းအဝိုင်း၊ လုပ်ငန်းရှင်အသိုင်း အဝိုင်းတွေအပြင် ကုလသမဂ္ဂအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းက ကလေးငယ်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ရတာဖြစ်တယ်လို့လည်းပြောပါတယ်။

Dr.Gregory A.Hedger
ISY Director

ISY ရန်ကုန်ကျောင်းမှာ ကျောင်းသားဦးရေ ၈၀ဝ ရှိပြီး ကျောင်းသားတစ်ဦးရဲ့ တစ် နှစ်ပညာသင်စရိတ်ဟာ အမေရိကန်ဒေါ်လာ ၂၀ဝ၀ဝ ကုန်ကျမှာ ဖြစ်တယ်လို့လည်းပြောပါတယ်။

ISY ကျောင်းကို တက်ရောက်သူအများစုဟာ မြန်မာကျောင်းသားတွေဖြစ်ပြီး ၃၀ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံသား ကျောင်းသားတွေနဲ့ ၄၀ ရာခိုင်နှုန်းကျော်က ၄၈ နိုင်ငံ တကာက ကျောင်းသားတွေ ဖြစ်ပါတယ်ရှင်။

?bph6