လူငယ်တွေ ဒစ်ဂျစ်တယ်နည်းပညာကိုသုံးပြီး ကမ္ဘာကို အမီလိုက်ဖို့လို

0
133








လူငယ်တွေ ဒစ်ဂျစ်တယ်နည်းပညာအသုံးချပြီး ကမ္ဘာ့ကို အမှီလိုက်နိုင်အောင် ကြိုးစားဖို့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

သတင်းအချက်နည်းပညာကနေ ပညာရပ်ပိုင်းဆိုင်ရာအားလုံးကို ဒစ်ဂျစ်တယ်နည်းပညာကနေ ရှာဖွေနိုင်လို့ လူငယ်တွေ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီး နိုင်ငံတိုးတက်အောင် ကြိုးစားလုပ်ဆောင်ဖို့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က တိုက်တွန်းလိုက်ပါတယ်။

မတ်လ၁၂ရက်နေ့က ရန်ကုန်မြို့ Melia ဟိုတယ်မှာ “Visa က မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Brand Ambassador အဖြစ် စိုင်းစိုင်းခမ်းလှိုင်ကို ခန့်အပ်တာနဲ့ Contactless ငွေပေးချေမှု အထူးအစီအစဉ်” မိတ်ဆက်ပွဲမှာ ပြောဆိုခဲ့တာပါ။

Soundbite- စိုင်းစိုင်းခမ်းလှိုင် (အဆိုတော်) Visa Myanmar Brand Ambassador

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူငယ်ကနေ လူကြီးအထိ ဒစ်ဂျစ်တယ်နည်းပညာကို အများအပြားသုံးစွဲလာတာရှိလို့ ငွေစက္ကူကို ကိုင်စွဲအသုံးပြုရကာနေ Visaလို ဒစ်ဂျစ်တယ်ငွေပေးချေမှုကို အသုံးပြုဖို့လိုအပ်လာတယ်လို့လည်း ပြောပါတယ်။

Soundbite- စိုင်းစိုင်းခမ်းလှိုင် (အဆိုတော်)Visa Myanmar Brand Ambassador

လက်ရှိမှာ မြန်မာနိုင်ငံက လူငယ်စွန့်ဦးတီထွင်သူတွေဟာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အဝတ်အထည်၊ ပန်းချီအနုပညာနဲ့ နေရာထိုင်ခင်း စတဲ့ကဏ္ဍအသီးသီးမှာ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ အသုံးချပြီး အောင်မြင်အောင်လုပ်ဆောင် နေကြတာဖြစ်ပါတယ်ခင်ဗျား။

?bph6