ေရႊ႕ေျပာင္းလုပ္သားေတြကို တရားမဝင္လမ္းေၾကာင္း က ပုိ႔ေဆာင္ခဲ့တဲ့ ပြဲစားဂုိဏ္း ဖမ္းဆီးရမိ

0
244

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၆ ဦးကုိ တရားမ၀င္းနည္းလမ္းနဲ႔ ထိုင္းႏုိင္ငံကုိ ေခၚေဆာင္လာၿပီး ဗီဇာအတုျပဳလုပ္ေပးတဲ့ ပြဲစားဂိုဏ္းတစ္ခုကုိ အလုပ္သမားသံအရာရွိရံုးနဲ႔ ထုိင္းရဲတပ္ဖြဲ႕တုိ႔ ပူးေပါင္း ဖမ္းဆီးလိုက္ပါတယ္။

အဲဒီ အလုပ္သမား ၆ ဦးကို တနသၤာရီတုိင္းေဒသႀကီး ထား၀ယ္ခရိုင္၊ ေမတၱာၿမိဳ႕နယ္ခြဲ၊ ဆင္ျဖဴတိုင္ရြာအနီးရွိ ထီးခီး နယ္စပ္ဂိတ္က တဆင့္ နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္(Border Pass)နဲ႔ ထုိင္းႏုိင္ငံဘက္ကုိ ၂၀၁၈ခုႏွစ္၊ ႏို၀င္ဘာလ ၃၀ ရက္ေန႕က တရားမ၀င္နည္းလမ္းနဲ႔ ေခၚေဆာင္လာခဲ့တာလည္း ျဖစ္ပါတယ္။

တရားမ၀င္ေခၚေဆာင္ရာမွာလည္း စာခ်ဳပ္ခ်ဳပ္ဖုိ႔ မလုိအပ္ေၾကာင္းနဲ႔ ဂ်ယ္လီရုံးမွာအလုပ္လုပ္ကို္င္ရမယ္ဆုိၿပီး ကုန္က်စရိတ္အေနနဲ႔ ျမန္မာေငြက်ပ္ ၁၁သိန္းေပး ေခ်ခဲ့ရေၾကာင္း အလုပ္သမားေတြက ေျပာပါတယ္။
တရားမ၀င္လမ္းေၾကာင္းကေနတဆင့္ ထိုင္းႏုိင္ငံကုိ ေရာက္ရွိလာတဲ့ အလုပ္သမားေတြကုိ အလုပ္သမားသံအရာရွိရံုးက မယ္ေဆာက္ၿမိဳ႕ကေနတဆင့္ ျမန္မာႏုိင္ငံကုိ ျပန္လည္ပုိ႔ေဆာင္ေပးခဲ့ၿပီး ပြဲစားေတြကုိ ျမန္မာဘက္ျခမ္းမွာ ထပ္မံအမႈဖြင့္သြားမွာလည္း ျဖစ္ပါတယ္။

ရွှေ့ပြောင်းလုပ်သားတွေကို တရားမဝင်လမ်းကြောင်း က ပို့ဆောင်ခဲ့တဲ့ ပွဲစားဂိုဏ်း ဖမ်းဆီးရမိ

မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦးကို တရားမဝင်းနည်းလမ်းနဲ့ ထိုင်းနိုင်ငံကို ခေါ်ဆောင်လာပြီး ဗီဇာအတုပြုလုပ်ပေးတဲ့ ပွဲစားဂိုဏ်းတစ်ခုကို အလုပ်သမားသံအရာရှိရုံးနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ အလုပ်သမား ၆ ဦးကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ၊ ဆင်ဖြူတိုင်ရွာအနီးရှိ ထီးခီး နယ်စပ်ဂိတ်က တဆင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)နဲ့ ထိုင်းနိုင်ငံဘက်ကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တရားမဝင်နည်းလမ်းနဲ့ ခေါ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

တရားမဝင်ခေါ်ဆောင်ရာမှာလည်း စာချုပ်ချုပ်ဖို့ မလိုအပ်ကြောင်းနဲ့ ဂျယ်လီရုံးမှာအလုပ်လုပ်ကိ်ုင်ရမယ်ဆိုပြီး ကုန်ကျစရိတ်အနေနဲ့ မြန်မာငွေကျပ် ၁၁သိန်းပေး ချေခဲ့ရကြောင်း အလုပ်သမားတွေက ပြောပါတယ်။
တရားမဝင်လမ်းကြောင်းကနေတဆင့် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ အလုပ်သမားတွေကို အလုပ်သမားသံအရာရှိရုံးက မယ်ဆောက်မြို့ကနေတဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ပွဲစားတွေကို မြန်မာဘက်ခြမ်းမှာ ထပ်မံအမှုဖွင့်သွားမှာလည်း ဖြစ်ပါတယ်။

?bph6