ကဗျာကို ချစ်မြတ်နိုး ၀ါသနာပါတဲ့ လူငယ်တွေကို လမ်းညွှန်မှုတွေ လုပ်ဆောင်ပေးသွားမယ် No views

0
170









ကဗျာကို ချစ်မြတ်နိုး ဝါသနာပါတဲ့ လူငယ်တွေကို လမ်းညွှန်မှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ ရန်ကုန်ကဗျာဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

ကဗျာနဲ့ပတ်သက်ပြီး အနုပညာမျိုးဆက်သစ်လူငယ်တွေ များများပေါ်ထွက်စေဖို့ ဆုပေးပွဲတွေကို နှစ်စဉ် ကျင်းပနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ဝါသနာပါတဲ့ လူငယ်တွေကိုလည်း လမ်းညွှန်မှုတွေပြု လုပ်ပေးသွားမယ်လို့ ပြောပါတယ်။

ကဗျာဆုပေးပွဲတွေကို မုံရွာ၊ ပျဉ်းမနား၊ ကျောက်ဆည် စတဲ့မြို့တွေမှာသာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပေမယ့် ရန်ကုန်ကဗျာဆုပေးပွဲကိုတော့ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တာပါ။

Soundbite;ခက်ထန်ပိုင်စိုး(ကဗျာဆရာ)
ရန်ကုန်ကဗျာဆုရွေးချယ်ရေးအဖွဲ့ဝင်

ကဗျာဆုနဲ့ပတ်သက်ပြီး ရွေးချယ်ရာမှာ အများစုက တစ်နှစ်ပတ်လုံး ရေးသားခဲ့တဲ့ ကဗျာတွေထဲက တစ်ပုဒ်ကိုသာ ရွေးချယ်ဆုပေးခဲ့ပေမယ့် ရန်ကုန်ကဗျာဆုရွေးချယ်ရာမှာတော့ တစ်နှစ်ပတ်လုံးရေးသားခဲ့တဲ့ ကဗျာတွေရဲ့ အနှစ်သာရရှိမှုနဲ့ နေထိုင်မှုအားလုံး ခြုံငုံပေးတာဖြစ်တယ်လို့လည်းပြော ပါတယ်။

ရန်ကုန်ကဗျာဆုပေးပွဲကို ရန်ကုန်မြို့၊ ယူတိုးပီးယားတာဝါမှာ ကျင်းပခဲ့ပြီး ရန်ကုန် ကဗျာဆုကို ကဗျာဆရာ ခင်ဇော်မြင့်က ရရှိခဲ့ပြီး ရန်ကုန်ကဗျာဆောင်းပါးအထူးဆုကိုတော့ ကိုမျိုးသန့်ကရရှိခဲ့တာပါ။

Soundbite;ကဗျာဆရာ ခင်ဇော်မြင့်(ရန်ကုန်ကဗျာဆုရရှိသူ )

ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ရန်ကုန်ကဗျာဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ကဗျာဆုရှင်တစ်ဦးကို ငွေကျပ်ရှစ်သိန်းစီ ချီး မြှင့်ခဲ့ပြီး ပန်းချီကားတွေကိုလည်း ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်ရှင်။

?bph6