တိုက်ရိုက်ရောင်းချခြင်းစနစ် ဥပဒေ(မူကြမ်း) ပြင်ဆင်ပေးဖို့ ပြည်ထောင်စု ဥပဒေချုပ်ရုံးကို ပေးပို့မယ်

0
474









တိုက်ရိုက် ရောင်းချခြင်းစနစ် ဥပဒေ (မူကြမ်း)မှာ ပါဝင်တဲ့အချက်အချို့ကို လုပ်ငန်းရှင်တွေက ပြင်ဆင်ပေးဖို့ ပြည်ထောင်စုဥပဒေချုပ်ရုံးကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

တိုက်ရိုက်ရောင်းချခြင်းစနစ်မှာ ဈေးကွက်အတွင်း လိမ်လည်မှုတွေ ဖြစ်ပေါ်လာတာကြောင့်တိုက်ရိုက် ရောင်းချခြင်းစနစ် ဥပဒေ (မူကြမ်း)ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အဲဒီ ဥပဒေ (မူကြမ်း)မှာပါဝင်တဲ့ ပြဿနာဖြစ်လာရင် အာမခံမရရှိတာတွေနဲ့ လိမ်လည်မှုပြဿနာဖြစ်ပေါ်လာရင် လိမ်လည်သူတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီကို တိုင်ကြားပေးဖို့ စတဲ့အချက်တွေကို လုပ်ငန်းရှင်တွေနဲ့ ဥပဒေပညာရှင်တွေ ပူးပေါင်းပြီး ပြင်ဆင်ပေးဖို့ ပြည်ထောင်စုဥပဒေ ချုပ်ရုံးကို ပေးပို့သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ M and M Gano Trading Co.,Ltd ဦးဆောင်ပြီး တိုက်ရိုက်ရောင်းချခြင်းဆိုင်ရာ အကြံပြုဆွေးဆွေးပွဲပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်နွယ်နွယ်စိုး (Managing Director)
M and M Gano Trading Co.,Ltd

ဒါအပြင် တိုက်ရိုက် ရောင်းချခြင်းစနစ် လုပ်ကိုင်နေသူတွေက အဲဒီ ဥပဒေ (မူကြမ်း)ရဲ့ လိုအပ်ချက်တွေကို ထောက်ပြပေးသွားမယ်ဆိုရင် ကောင်းမွန်တဲ့ ဥပဒေကြမ်းတစ်ခု ပေါ်ပေါက်လာမယ်လို့ တရားလွတ်တော်ရှေ့နေ ဒေါ်ညိုညိုမြင့်က ပြောပါတယ်။

Soundbite ဒေါ်ညိုညိုမြင့် (တရားလွတ်တော်ရှေ့နေ)

၂၀၁၈ ခုနှစ်မတ်လ က တိုက်ရိုက် ရောင်းချခြင်းစနစ် ဥပဒေ (မူကြမ်း)ကို စတင်ရေးဆွဲခဲ့ပြီး မှတ်ပုံတင်ပြုလုပ်တာတွေ၊ တိုက်ရိုက်ရောင်းချသူနဲ့ ကိုယ်စားလှယ်တွေကြား စာချုပ်ချုပ်ဆိုတာတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနကို လုပ်ပိုင်ခွင့်တာဝန်တွေအပ်နှင်းတာတွေ အပါအဝင် အခန်း ၆ ခန်း ပါဝင် ပါတယ်ရှင်။

?bph6