စြန္႔ဦးတီထြင္လုပ္ငန္း တိုးတက္ဖို႔ အစိုးရနဲ႔ လက္တြဲခ်င္တယ္လို႔ ေျပာ

0
198

စြန္႔ဦးတီထြင္လုပ္ငန္းေတြ ပိုမိုတိုးတက္လာဖို႔အတြက္ အစိုးရနဲ႔အတူ လက္တြဲလုပ္ေဆာင္ခ်င္တယ္လို႔ ျမန္မာႏိုင္ငံ လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက ေပးပို႔ထားပါတယ္။

စြန္႔ဦးတီထြင္လုပ္ငန္းေတြ ပိုမိုတိုးတက္လာဖို႔အတြက္ အစိုးရရဲ႕ အခြန္႐ုံးကသူေတြနဲ႔အတူ လက္တြဲလုပ္ေဆာင္ၿပီး အဖြဲ႔ဝင္တစ္ေယာက္ခ်င္းဆီရဲ႕ အခက္အခဲေတြကို ေဆြးေႏြးေပးၾကေစခ်င္တယ္လို႔ ျမန္မာႏိုင္ငံလူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဥကၠဌ ေဒါက္တာေအာင္သူရ က ေျပာပါတယ္။

မတ္လ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ပူးမန္းဟိုတယ္မွာ ျမန္မာႏိုင္ငံလူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ ၂၀၁၉ – ၂၀၂၁ ေ႐ြးေကာက္တင္ေျမွာက္ခံရေသာ အမႈေဆာင္မ်ားႏွင့္ ေတြ႕ဆံုညစာစားပြဲ ျပဳလုပ္ခဲ့တာပါ။

Sound Bite – ေဒါက္တာေအာင္သူရ (ဥကၠ႒)
ျမန္မာႏိုင္ငံလူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္း

ဒါ့အျပင္ ေနာက္တက္လာမယ့္ စြန္႔ဦးတီထြင္လူငယ္လုပ္ငန္းရွင္ေတြကိုလည္း အသင္းထဲဝင္ၿပီး အႀကံညဏ္ေတြ ဖလွယ္ကာ လုပ္ငန္းပိုမိုတိုးတက္ဖို႔လုပ္ေဆာင္သြားမယ္လို႔လည္း ေျပာပါတယ္။

Sound Bite – ေဒါက္တာေအာင္သူရ (ဥကၠ႒)
ျမန္မာႏိုင္ငံလူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္း

ျမန္မာႏိုင္ငံ လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းအေနနဲ႔ လက္ရွိမွာ အဖြဲ႕ဝင္ေပါင္း ၂၀၀၀ နီးပါးရွိၿပီျဖစ္တဲ့အျပင္ နယ္႐ုံးခြဲ ၅ ခုအထိ ရွိေနၿပီလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

စွန့်ဦးတီထွင်လုပ်ငန်းတွေ ပိုမိုတိုးတက်လာဖို့အတွက် အစိုးရနဲ့အတူ လက်တွဲလုပ်ဆောင်ချင်တယ်လို့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းတွေ ပိုမိုတိုးတက်လာဖို့အတွက် အစိုးရရဲ့ အခွန်ရုံးကသူတွေနဲ့အတူ လက်တွဲလုပ်ဆောင်ပြီး အဖွဲ့ဝင်တစ်ယောက်ချင်းဆီရဲ့ အခက်အခဲတွေကို ဆွေးနွေးပေးကြစေချင်တယ်လို့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဒေါက်တာအောင်သူရ က ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ ပူးမန်းဟိုတယ်မှာ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၁၉ – ၂၀၂၁ ရွေးကောက်တင်မြှောက်ခံရသော အမှုဆောင်များနှင့် တွေ့ဆုံညစာစားပွဲ ပြုလုပ်ခဲ့တာပါ။

Sound Bite – ဒေါက်တာအောင်သူရ (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း

ဒါ့အပြင် နောက်တက်လာမယ့် စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်တွေကိုလည်း အသင်းထဲဝင်ပြီး အကြံညဏ်တွေ ဖလှယ်ကာ လုပ်ငန်းပိုမိုတိုးတက်ဖို့လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

Sound Bite – ဒေါက်တာအောင်သူရ (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအနေနဲ့ လက်ရှိမှာ အဖွဲ့ဝင်ပေါင်း ၂၀ဝ၀ နီးပါးရှိပြီဖြစ်တဲ့အပြင် နယ်ရုံးခွဲ ၅ ခုအထိ ရှိနေပြီလည်း ဖြစ်ပါတယ်ခင်ဗျာ။

?bph6