
0
538




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာ ဇော်မြင့်မောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကို အရေးယူပေးဖို့ ဒေသခံတွေ တိုင်ကြား

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ တိုင်းလွှတ်တော်ဥက္ကဋ္ဌတို့ကို အရေးယူပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကို ဒေသခံတွေက တိုင်ကြားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ အောင်သပြေကျေးရွာမှာ တည်ဆောက်နေတဲ့ အယ်လ်ဖာ ဘိလပ်မြေ စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက အကောင်အထည်ဖော် လုပ်ဆောင်နေတာကြောင့် အောင်သပြေရွာ ဒေသခံတွေက တိုင်ကြားခဲ့တာပါ။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ NLD ရုံးချုပ်ကို မတ်လ ၁၁ ရက်နေ့က နစ်နာသူ အောင်သပြေရွာက ဒေသခံတွေနဲ့ နစ်နာသူကိုယ်စား ကံဘဲ့တောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီက လာရောက်တိုင်ကြားခဲ့တာပါ။