
0
118




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်လေဆိပ်မှာ ငွေကျပ် သိန်းတစ်သောင်းကျော် တန်းဖိုးရှိ မူးယစ်ဝါးတွေ ဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံခြားသား သုံးဦးဆီကနေ မြန်မာကျပ်ငွေ သိန်းတစ်သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့က ရန်ကုန်လေဆိပ်ကနေ ဟောင်ကောင်ကို ထွက်ခွာမယ့် ကာသေ့ ဒရဂွန်လေကြောင်းပိုင် KA.251 နဲ့ လိုက်ပါမယ့် ဗြိတိန်နိုင်ငံသား နှစ်ဦးနဲ့ နီပေါနိုင်ငံသားတစ်ဦးရဲ့ ခရီးဆောင်အိတ်အတွင်းမှာ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ မူးယစ်းဆေးဝါးတွေဟာ အလေးချိန် ၁၁ ဒသမ ၂ ကီလိုဂရမ် (ကာလ တန်ဖိုးကျပ်သိန်း ၁၁,၂၀ဝ) ရှိတယ်လို့ မင်္ဂလာဒုံမြို့မ ရဲစခန်းမှူးက ပြောပါတယ်။ လက်ရှိမှာ နိုင်ငံခြားသား သုံးဦးကို မင်္ဂလာဒုံမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး တရားခံတွေကို စစ်ဆေးနေပါတယ်။

 

?bph6