ျမန္မာဘက္က ေတာမီးေၾကာင့္ ထိုင္းနယ္စပ္မွာ ေလထုညစ္ညမ္းမႈ ဆိုးဝါး

0
72

ျမန္မာႏိုင္ငံဘက္က ေတာမီးေလာင္မႈေၾကာင့္ ထြက္တဲ့ မီးခိုးေတြဟာ ထိုင္းႏိုင္ငံေျမာက္ပိုင္းဘက္မွာ ေလထုညစ္ညမ္းမႈကို ပိုမိုဆိုးဝါးေစၿပီး မတ္လ ၁၁ ရက္ေန႔ တိုင္းထြာခ်က္အရ ေလထုဟာ အႏၱရာယ္ရွိတဲ့ အဆင့္ PM 2.5 အထိ ေရာက္ရွိေနပါတယ္။

ဥပမာအားျဖင့္ ခ်င္း႐ိုင္ခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ဝီရန္ဖန္ခမ္မွာ ေလထုညစ္ညမ္းမႈဟာ ထိုင္းစံသတ္မွတ္ခ်က္ထက္ ႏွစ္ဆပိုလြန္ၿပီး ညစ္ညမ္းေနတာကို ေတြ႔ရွိရပါတယ္။ ၿဂိဳဟ္တု ဓာတ္ပံုေတြအရ မတ္လ ၁၀ ရက္ေန႔မွာ ျမန္မာႏိုင္ငံအတြင္း အပူရွိန္ျမင့္တက္တဲ့ေနရာ ၁၀၃၅ ခု၊ ထိုင္းႏိုင္ငံအတြင္းမွာ ၅၁၆ ခု ေတြ႔ရွိရပါတယ္။

ျမန္မာႏိုင္ငံဘက္မွာ မီး႐ိႈ႕တာေတြနဲ႔ ေတာမီးေတြကို ထိန္းခ်ဳပ္ဖို႔ ထိုင္း-ျမန္မာ နယ္စပ္ေကာ္မတီနဲ႔ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ခ်င္း႐ိုင္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ပရာဂြ်န္ ပရက္ဆာကူးလ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာဘက်က တောမီးကြောင့် ထိုင်းနယ်စပ်မှာ လေထုညစ်ညမ်းမှု ဆိုးဝါး

မြန်မာနိုင်ငံဘက်က တောမီးလောင်မှုကြောင့် ထွက်တဲ့ မီးခိုးတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းဘက်မှာ လေထုညစ်ညမ်းမှုကို ပိုမိုဆိုးဝါးစေပြီး မတ်လ ၁၁ ရက်နေ့ တိုင်းထွာချက်အရ လေထုဟာ အန္တရာယ်ရှိတဲ့ အဆင့် PM 2.5 အထိ ရောက်ရှိနေပါတယ်။

ဥပမာအားဖြင့် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၊ ဝီရန်ဖန်ခမ်မှာ လေထုညစ်ညမ်းမှုဟာ ထိုင်းစံသတ်မှတ်ချက်ထက် နှစ်ဆပိုလွန်ပြီး ညစ်ညမ်းနေတာကို တွေ့ရှိရပါတယ်။ ဂြိုဟ်တု ဓာတ်ပုံတွေအရ မတ်လ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံအတွင်း အပူရှိန်မြင့်တက်တဲ့နေရာ ၁၀၃၅ ခု၊ ထိုင်းနိုင်ငံအတွင်းမှာ ၅၁၆ ခု တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံဘက်မှာ မီးရှို့တာတွေနဲ့ တောမီးတွေကို ထိန်းချုပ်ဖို့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ချင်းရိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး ပရာဂျွန် ပရက်ဆာကူးလ်က ပြောပါတယ်။

?bph6