
0
182




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်နိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်း မပြည့်စုံမှုတွေနဲ့ ကြုံနေရတယ်လို့ ဝန်ကြီးပြော

တိုင်းနဲ့ပြည်နယ် အားလုံးမှာ ကျန်းမာရေးဝန်ထမ်း မပြည့်စုံမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မုံရွာမြို့နေ ပြည်သူတွေ တွေ့ဆုံပွဲမှာ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး ငါးထပ်အဆောက်အအုံ အမြန်ဆုံးပြီးစီးဖို့နဲ့ ပတ်သက်ပြီး ဝန်ထမ်းလိုအပ်ချက်ကို မြို့မိ မြို့ဖတစ်ဦးက မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောခဲ့တာပါ။

ဝန်ထမ်းမပြည့်စုံမှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း တစ်ခုတည်းသာမက တိုင်းနဲ့ပြည်နယ် အားလုံးမှာ ဖြစ်နေကြောင်းနဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ အဆောက်အအုံ၊ ဝန်ထမ်း ရှိ၊ မရှိ၊ ဝန်ထမ်း တစ်ဦးချင်းရဲ့ လိုအပ်ချက်တွေနဲ့ ဆေးပစ္စည်းကိရိယာတွေ လိုအပ်ချက်တွေကို ဦးစီးမှူးတွေထံ ညွှန်ကြားချက် ထုတ်ထားတယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

?bph6