အင္ဒိုနီးရွားႏုိင္ငံမွာ ေရၾကီးမႈေတြ ထပ္မံျဖစ္ေပၚ

0
133

အင္ဒိုနီးရွားႏုိင္ငံမွာ မုိးသည္းထန္စြာရြာသြန္းခဲ့ၿပီး  ၿမိဳ႕အခ်ိဳ႕မွာ ေရႀကီးေတြျဖစ္ေနတာေၾကာင့္ လူရာခ်ီကို ေဘးလြတ္ရာကိုေရႊ႕ေျပာင္းေပးခဲ့ရတယ္လုိ႔ အင္ဒိုနီးရွားအာဏာပိုင္ေတြကေျပာပါတယ္။

ေရႀကီးမႈေတြေၾကာင့္ ႏွစ္ဦးေသဆံုးၿပီး လူေျခာက္ဦး ပ်ာက္ဆံုးေနဆဲျဖစ္တယ္လို႔ ဆုိပါတယ္။        မုိးသည္းထန္စြာ ရြာသြန္းခဲ့မႈေၾကာင့္ ျမစ္ေရလွ်ံတာေတြရွိေနခဲ့ၿပီး ဂ်ာဗာကၽြန္းအေရွ႕ပိုင္းမွာ ေရၾကီးမႈေတြျဖစ္ေနတယ္လို႔ ဆုိပါတယ္။  

ဂ်ာဗာကၽြန္းရွိ ဘန္ေဒါင္ၿမို႕ နဲ႔ ဂ်ာကာတာၿမိဳ႕တုိ႔မွာ လမ္းေတြမွာေရျပည့္ေနတာေၾကာင့္ေဒသံေတြ ဟာ ေဘးလြတ္ရာကိုထြက္ေျပးခဲ့ရတယ္လို႔ဆုိပါတယ္။ အင္ဒိုနီးရွားႏုိင္ငံမွာ ေရၾကီးတာ၊ ေျမၿပိဳတာ၊  ငလ်င္လႈပ္တာ၊ မီးေတာင္ေပါက္ကြဲတာ စတဲ့ သဘာ၀ေဘးအႏၱာရယ္ေတြ မၾကာခဏ ေတြၾကံဳေနရပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုတွေ ထပ်မံဖြစ်ပေါ်

အင်ဒိုနီးရှားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး  မြို့အချို့မှာ ရေကြီးတွေဖြစ်နေတာကြောင့် လူရာချီကို ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေကပြောပါတယ်။

ရေကြီးမှုတွေကြောင့် နှစ်ဦးသေဆုံးပြီး လူခြောက်ဦး ပျာက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။        မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြစ်ရေလျှံတာတွေရှိနေခဲ့ပြီး ဂျာဗာကျွန်းအရှေ့ပိုင်းမှာ ရေကြီးမှုတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဂျာဗာကျွန်းရှိ ဘန်ဒေါင်မြို့ နဲ့ ဂျာကာတာမြို့တို့မှာ လမ်းတွေမှာရေပြည့်နေတာကြောင့်ဒေသံတွေ ဟာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးတာ၊ မြေပြိုတာ၊  ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ စတဲ့ သဘာဝဘေးအန္တာရယ်တွေ မကြာခဏ တွေကြုံနေရပါတယ်။

?bph6