အႏၱာတိကမွာ နယူးေယာက္ၿမိဳ႕ ႏွစ္ၿမိဳ႕စာရွိ ေရခဲျပင္ႀကီး ပဲ့ထြက္

0
357

အႏၱာတိကတိုက္မွာ နယူးေယာက္ၿမိဳ႕ ႏွစ္ၿမိဳ႕စာေလာက္ အက်ယ္အဝန္းရွိတဲ့ ဘန္႔ အမည္ရွိ ေရခဲျပင္ႀကီး ပဲ့ထြက္သြားတယ္လို႔ နာဆာက ေျပာပါတယ္။

အဲဒီ ေရခဲ့ျပင္ႀကီးဟာ ၇၈၄ ကီလိုမီတာ ပတ္လည္ ရွိပါတယ္။ ဒီလိုပဲထြက္မႈေၾကာင့္ ဘန္႔ ေရခဲျပင္ေပၚရွိ သိပၸံစူးစမ္းေလ့လာမႈအတြက္ တည္ေဆာက္ထားတာေတြနဲ႔ လူေနဖို႔ လုပ္ထားတဲ့ ေနရာေတြရဲ႕ အေျခအေနကို မသိရေသးပါဘူး။

ေရခဲျပင္ အက္ကြဲမႈဟာ ၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလမွာ စတင္ခဲ့ၿပီး အေရွ႕ဘက္ကို ဆက္လက္ ကြဲအပ္ခဲ့တာ ျဖစ္ပါတယ္။ ပဲ့ထြက္လာတဲ့ ဘန္႔ ေရခဲျပင္ကေန ေရခဲျပင္ အပိုင္းအစေတြလည္း ထပ္မံ ပဲ့ထြက္ေနၿပီး အေျခအေနကို သိပၸံပညာရွင္ေတြက ေစာင့္ၾကည့္ေနပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အန္တာတိကမှာ နယူးယောက်မြို့ နှစ်မြို့စာရှိ ရေခဲပြင်ကြီး ပဲ့ထွက်

အန္တာတိကတိုက်မှာ နယူးယောက်မြို့ နှစ်မြို့စာလောက် အကျယ်အဝန်းရှိတဲ့ ဘန့် အမည်ရှိ ရေခဲပြင်ကြီး ပဲ့ထွက်သွားတယ်လို့ နာဆာက ပြောပါတယ်။

အဲဒီ ရေခဲ့ပြင်ကြီးဟာ ၇၈၄ ကီလိုမီတာ ပတ်လည် ရှိပါတယ်။ ဒီလိုပဲထွက်မှုကြောင့် ဘန့် ရေခဲပြင်ပေါ်ရှိ သိပ္ပံစူးစမ်းလေ့လာမှုအတွက် တည်ဆောက်ထားတာတွေနဲ့ လူနေဖို့ လုပ်ထားတဲ့ နေရာတွေရဲ့ အခြေအနေကို မသိရသေးပါဘူး။

ရေခဲပြင် အက်ကွဲမှုဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့ပြီး အရှေ့ဘက်ကို ဆက်လက် ကွဲအပ်ခဲ့တာ ဖြစ်ပါတယ်။ ပဲ့ထွက်လာတဲ့ ဘန့် ရေခဲပြင်ကနေ ရေခဲပြင် အပိုင်းအစတွေလည်း ထပ်မံ ပဲ့ထွက်နေပြီး အခြေအနေကို သိပ္ပံပညာရှင်တွေက စောင့်ကြည့်နေပါတယ်။

?bph6