
0
341




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟက်ထရစ်ဂိုး အကြိမ် ၅၀ မြောက် သွင်းနိုင်ခဲ့တဲ့ မက်ဆီ

ဆီဗီလားအသင်းကို  ၄ ဂိုး ၂ ဂိုးနဲ ့အနိုင်ရတဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်မှာ အကြိမ် ၅၀ မြောက် ဟတ်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ မနေ့က ကစားတဲ့ ဆီးဗီလားနဲ့ပွဲစဉ်မှာ ပွဲချိန်  ၂၆ မိနစ်၊ ၆၇ မိနစ် နဲ့ ၈၅ မိနစ်တို့မှာ ဟတ်ထရစ်ဂိုး သွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ဟတ်ထရစ်ဂိုးသွင်းယူ နိုင်ခဲ့တာကြောင့် အသက် ၃၁ နှစ်အရွယ်ရှိ မက်ဆီ ဟာ လက်ရှိ လာလီဂါပြိုင်ပွဲမှာ သွင်းဂိုး ၂၅ ဂိုးရှိသွားခဲ့ပြီး ဂိုးအများဆုံးသွင်းထားသူ အဖြစ် ရပ်တည်နေပါတယ်။

မက်ဆီရဲ့ခြေစွမ်းပြမှုနဲ့အတူ နိုင်ပွဲရခဲ့တဲ့ ဘာစီလိုနာအသင်းကလည်း လာလီဂါပြိုင်ပွဲမှာ အနီးကပ်ဆုံးပြိုင်ဘက်  ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို ၁၀ မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။