
0
486




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်လာ  တစ်သန်းနဲ့ အာမခံရဖို့ ကြိုးပမ်းနေတဲ့ အဆိုတော် ကယ်လီ

အမျိုးသမီးလေးဦးအပေါ်  လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့  စွပ်စွဲခံထားရတဲ့ အမေရိကန် ရက်ပ်အဆိုတော် အာကယ်လီ ကို အမေရိကန် ဒေါ်လာ တစ်သန်းနဲ့ အာမခံပေးလိုက်တယ်လို့  အမေရိကန် တရားရုံးကပြော ပါတယ်။

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်တယ်လို့ နှစ်ပေါင်းများစွာကြာ စွပ်စွဲခံရတဲ့ R&B  အဆိုတော် ကယ်လီ ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် ချီကာဂိုမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စွဲချက် ၁၀ ခုတင်ခဲ့ပါတယ်။

သူ့အပေါ် စွဲဆိုထားတဲ့စွပ်စွဲချက်တွေကို ကယ်လီက လက်ခံခြင်းမရှိသလို  ဝန်ခံတာမရှိပါဘူး။ ကယ်လီကို အာမခံပေးလိုက်ပေမယ့် သူရဲ့ နိုင်ငံကူးလက်မှတ် ကိုသိမ်းထားမှာဖြစ်တယ်လို့ အမေရိကန် တရားရုံးက ပြောပါတယ်။