လ်ဴးဂု ၿဂိဳလ္သိမ္ေပၚကို ဂ်ပန္အာကာသယာဥ္ ဆင္းသက္

0
188

ေက်ာက္တုံးနမူနာေတြကို ရယူဖို႔အတြက္ ပထမဦးဆုံးအႀကိမ္ ႀကိဳးပမ္းခ်က္အျဖစ္ ဟာရာဘူစာ ၂ အာကာသယာဥ္ဟာ လ်ဴးဂု ၿဂိဳဟ္သိမ္ေပၚ ေအာင္ျမင္စြာ ဆင္းသက္နိုင္ခဲ့ၿပီလို႔ ဂ်ပန႔္အာကာသစူးစမ္းေလ့လာေရး ေအဂ်င္စီ (JAXA) က ေျပာဆိုလိုက္ပါတယ္။

အဲဒီအာကာသယာဥ္ဟာ ဂ်ပန္အခ်ိန္ ေသာၾကာေန႔ မနက္ မွာ ျဂိဳဟ္သိမ္ေပၚဆင္းသက္နိုင္ခဲ့တယ္ လို႔ ေျပာပါတယ္။ ဟာရာဘူစာ ၂ ဟာ ၆ မီတာအက်ယ္ရွိတဲ့ ဆင္းသက္ဧရိယာေလးမွာ အျမင့္ မီတာ ၂၀၀၀၀ ကေန ဆင္းနိုင္ခဲ့တာပါ။

ဟာရာဘူစာ ၂ မွာ ေက်ာက္ခဲနမူနာေတြ ေကာက္ယူဖို႔ ကိရိယာေတြပါဝင္ပါတယ္။ ၁ မီတာအရွည္ရွိတဲ့ အဲဒီကိရိယာဟာ ယာဥ္ရဲ့ ေအာက္ေျခကေနထြက္လာၿပီး ၿဂိဳဟ္သိမ္ရဲ့ မ်က္ႏွာျပင္နဲ႔ ဆက္သြယ္မွာျဖစ္ပါတယ္။ ဒ့ါအျပင္ အဲဒီယာဥ္ဟာ ၿဂိဳဟ္သိမ္ရဲ့ မ်က္ႏွာျပင္ေပၚကို က်ည္ဆံေတြနဲ႔ပစ္ခတ္ၿပီး ေက်ာက္ခဲနမူနာေတြ ရယူနိုင္ဖို႔အတြက္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လျူးဂု ဂြိုလ်သိမ်ပေါ်ကို ဂျပန်အာကာသ ယာဉ် ဆင်းသက်

ကျောက်တုံးနမူနာတွေကို ရယူဖို့အတွက် ပထမဦးဆုံးအကြိမ် ကြိုးပမ်းချက်အဖြစ် ဟာရာဘူစာ ၂ အာကာသယာဉ်ဟာ လျူးဂု ဂြိုဟ်သိမ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီလို့ ဂျပန့်အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) က ပြောဆိုလိုက်ပါတယ်။

အဲဒီအာကာသယာဉ်ဟာ ဂျပန်အချိန် သောကြာနေ့ မနက် မှာ ဂြိုဟ်သိမ်ပေါ်ဆင်းသက်နိုင်ခဲ့တယ် လို့ ပြောပါတယ်။ ဟာရာဘူစာ ၂ ဟာ ၆ မီတာအကျယ်ရှိတဲ့ ဆင်းသက်ဧရိယာလေးမှာ အမြင့် မီတာ ၂၀ဝ၀ဝ ကနေ ဆင်းနိုင်ခဲ့တာပါ။

ဟာရာဘူစာ ၂ မှာ ကျောက်ခဲနမူနာတွေ ကောက်ယူဖို့ ကိရိယာတွေပါဝင်ပါတယ်။ ၁ မီတာအရှည်ရှိတဲ့ အဲဒီကိရိယာဟာ ယာဉ်ရဲ့ အောက်ခြေကနေထွက်လာပြီး ဂြိုဟ်သိမ်ရဲ့ မျက်နှာပြင်နဲ့ ဆက်သွယ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီယာဉ်ဟာ ဂြိုဟ်သိမ်ရဲ့ မျက်နှာပြင်ပေါ်ကို ကျည်ဆံတွေနဲ့ပစ်ခတ်ပြီး ကျောက်ခဲနမူနာတွေ ရယူနိုင်ဖို့အတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

?bph6