
0
126




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား နျူဖျက်သိမ်းရင် စီးပွားရေးကူညီပေးမယ်လို့အမေရိကန် ဆို

မြောက်ကိုရီးယားဟာ နျူးကလီးယားဖျက်သိမ်းရေးကို အပြည့်အဝလုပ်ဆောင်မယ်ဆိုရင် စီးပွာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ပေးဖို့အသင့်ပဲလို့ အမေရိကန်အစိုးရက ပြောလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံမြို့တော်  ဟနွိုင်း မှာ လာမယ့်သီတင်းပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အိမ်ဖြူတော်က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတထရမ့်က မြောက်ကိုရီးယားဟာ နျူးကလီးယားဖျက်သိမ်းရေးကို ကတိအတိုင်း လိုက်နာလုပ်ဆောင်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေကို သေချာပေါက်ပေးနိုင်ဖို့ လုပ်ဆောင်မယ် ဆိုတာကို ဖော်ပြထားပါတယ်။

?bph6