ဘရာဇီးနဲ႔နယ္စပ္ေဒသကို  ပိတ္ပင္လုိက္တဲ့ ဗင္နီဇြဲလား

0
317

ျပည္ပကေန ေပးပို႔တဲ့လူသားခ်င္းဆုိင္ရာ အကူညီေတြအတြက္ အျငင္းပြားမႈ ေတြရွိေနတာေၾကာင့္  ဘရာဇီး နဲ႔ ဗင္နီဇြဲလား နယ္စပ္ကို ပိတ္ပင္လိုက္တယ္လို႔ ဗင္နီဇြဲလား သမၼတ မာဒူရိုက ေျပာပါတယ္။

ဗင္နီဇြဲလားႏုိင္ငံအေနနဲ႔ ကိုလံဘီယာႏုိင္ငံနဲ႔ နယ္စပ္ကိုလည္း ပိတ္ဖို႔ စဥ္းစားေနတယ္လုိ႔ ဗင္နီဇြဲလား သမၼတ ကေျပာပါတယ္။ ဗင္နီဇြဲလားႏိုင္ငံမွာ မာဒူရိုဦးေဆာင္တဲ့အစိုးရအဖြဲ႔နဲ႔ အတုိက္ခံအုပ္စုေတြၾကား ႏုိင္ငံေရးျပသာနာေတြ ျဖစ္ေပၚေနၿပီး ႏိုင္ငံသားအမ်ားစုဟာ လူသားခ်င္းဆုိင္ရာအကူညီေတြ အေရးေပၚလုိအပ္ေနပါတယ္။

ဗင္နီဇြဲလား  အတုိက္ခံေခါင္းေဆာင္ ဂၽြန္ဂိုင္ဒုိကို အေမရိကန္အပါ၀င္ ျပည္ပႏုိင္ငံအမ်ားစုက ယာယီသမၼတ အျဖစ္အသိမွတ္ျပဳကာ လူသားခ်င္းဆုိင္ရာ အကူညီေတြေပးပို႔ေနပါတယ္။ ဘရာဇီးနဲ႔ နယ္စပ္ေဒသ ပိတ္ပင္လုိက္ၿပီးေနာက္ ဗင္နီဇြဲလား-ဘရာဇီးနယ္စပ္မွာ လူေတြရုတ္ရုတ္သဲသဲျဖစ္ခဲ့ရၿပီး  ဗင္နီဇြဲလားနယ္ျခားေစာင့္တပ္ဖြဲ႔ေတြက ျဖိဳခြင္းခဲ့ရပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘရာဇီးနဲ့နယ်စပ်ဒေသကို  ပိတ်ပင်လိုက်တဲ့ ဗင်နီဇွဲလား

ပြည်ပကနေ ပေးပို့တဲ့လူသားချင်းဆိုင်ရာ အကူညီတွေအတွက် အငြင်းပွားမှု တွေရှိနေတာကြောင့်  ဘရာဇီး နဲ့ ဗင်နီဇွဲလား နယ်စပ်ကို ပိတ်ပင်လိုက်တယ်လို့ ဗင်နီဇွဲလား သမ္မတ မာဒူရိုက ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံအနေနဲ့ ကိုလံဘီယာနိုင်ငံနဲ့ နယ်စပ်ကိုလည်း ပိတ်ဖို့ စဉ်းစားနေတယ်လို့ ဗင်နီဇွဲလား သမ္မတ ကပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ မာဒူရိုဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့ အတိုက်ခံအုပ်စုတွေကြား နိုင်ငံရေးပြသာနာတွေ ဖြစ်ပေါ်နေပြီး နိုင်ငံသားအများစုဟာ လူသားချင်းဆိုင်ရာအကူညီတွေ အရေးပေါ်လိုအပ်နေပါတယ်။

ဗင်နီဇွဲလား  အတိုက်ခံခေါင်းဆောင် ဂျွန်ဂိုင်ဒိုကို အမေရိကန်အပါဝင် ပြည်ပနိုင်ငံအများစုက ယာယီသမ္မတ အဖြစ်အသိမှတ်ပြုကာ လူသားချင်းဆိုင်ရာ အကူညီတွေပေးပို့နေပါတယ်။ ဘရာဇီးနဲ့ နယ်စပ်ဒေသ ပိတ်ပင်လိုက်ပြီးနောက် ဗင်နီဇွဲလား-ဘရာဇီးနယ်စပ်မှာ လူတွေရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပြီး  ဗင်နီဇွဲလားနယ်ခြားစောင့်တပ်ဖွဲ့တွေက ဖြိုခွင်းခဲ့ရပါတယ်။

?bph6