
0
265




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ ဝက်သက်ရောဂါ ကူးစက်ပျံနှံ့ ဖြစ်ပွားနေ

ဂျပန်နိုင်ငံမှာ အခုနှစ် အစပိုင်းကတည်းက ဝက်သက်ရောဂါ ဖြစ်ပွားသူ အရေအတွက်ဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ဖြစ်လာနေပြီး အကြီးအကျယ် ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်ဖွယ်ရှိပါတယ်။

ဝက်သက်ရောဂါဟာ အဖျားတက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အဖုအပိမ့်တွေ ထွက်စေတဲ့၊ ကူးစက်မှုနှုန်းမြင့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ ရောဂါကူးစက်ခံရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာနဲ့ လမစေ့ဘဲ မီးဖွားတာတွေ ဖြစ်နိုင်ပါတယ်။

အခုနှစ် အစကနေ ဂျပန်တစ်ဝန်း ခရိုင် ၂၀ မှာ လူနာ စုစုပေါင်း ၁၆၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ အခု ဆယ်စုနှစ်အတွင်း ရာသီအလိုက် အမြင့်ဆုံး အရေအတွက်ဖြစ်ပြီး တစ်နှစ်တာ လူနာအရေအတွက် ၁ သောင်းကျော်ခဲ့တဲ့ ၂၀ဝ၈ ခုနှစ်နောက်ပိုင်းမှာ ဒုတိယ အများဆုံး ဖြစ်ပါတယ်။

?bph6