ကက္ရွ္မီးယားတုိက္ခုိက္မႈအတြက္ ပါကစၥတန္ကိုအထီးက်န္ႏိုင္ငံျဖစ္ေအာင္ လုပ္မယ္လုိ႔ အိႏၵိယ ေျပာ

0
366

ကက္ရွ္မီးေဒသမွာျဖစ္ခဲ့တဲ့  အၾကမ္းဖက္တုိက္ခုိက္မႈေတြနဲ႔ ပတ္သက္လုိ႔  အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံကို အထီးက်န္ႏုိင္ငံျဖစ္ေအာင္လုပ္ေဆာင္သြားမယ္လို႔ အိႏၵိယ အစိုးရ ကေျပာပါတယ္။

 ကက္ရွ္မီးယားျပည္နယ္ မွာ ၿပီးခဲ့တဲ့ရက္ပုိင္းကအေသခံဗံုးခြဲတုိက္ခိုက္ မႈျဖစ္ခဲ့လို အိႏၵိယ စစ္သား ၄၆ ဦးေသဆံုးခဲ့ေၾကာင္း၊ တုိက္ခုိက္မႈနဲ႔ပတ္သက္လို ႔ ပါကစၥတန္ ပါ၀င္ေနတယ္ဆုိတဲ့ မွန္ကန္တဲ့သက္ေသေတြကို ရ႐ွိထားေၾကာင္း အိႏၵိယက ေျပာပါတယ္။ အိႏၵိယအစိုးရက တိုက္ခုိက္မႈကို ပါကစၥတန္ အေျခစိုက္ Jaish-e-Mohammad စစ္ေသြးၾကြအဖြဲ႔လုပ္ေဆာင္တာျဖစ္ေၾကာင္း ၊ ေျပာပါတယ္။

ပါကစၥတန္ကေတာ့ အဲဒီတိုက္ခိုက္မႈမွာပါ၀င္ပတ္သက္တာမရွိဘူးလို႔ ျငင္းဆိုထားပါတယ္။ အိႏၵိယ ႏုိင္ငံျခားေရး၀န္ၾကီးက အိႏၵိယႏုိင္ငံအေနနဲ႔ ပါကစၥတန္ကို ႏိုင္ငံတကာက အဆက္သြယ္ျပတ္ေတာက္မႈေတြလုပ္ဖုိ႔ ျဖစ္ႏုိင္ဖြယ္ရွိတဲ့ သံတမန္ေရးရာ လုပ္ေဆာင္သြားမွာျဖစ္တယ္လုိ႔ ဆိုပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကက်ရှ်မီးယားတိုက်ခိုက်မှုအတွက် ပါကစ္စတန်ကိုအထီးကျန်နိုင်ငံဖြစ်အောင် လုပ်မယ်လို့ အိန္ဒိယ ပြော

ကက်ရှ်မီးဒေသမှာဖြစ်ခဲ့တဲ့  အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့  အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကို အထီးကျန်နိုင်ငံဖြစ်အောင်လုပ်ဆောင်သွားမယ်လို့ အိန္ဒိယ အစိုးရ ကပြောပါတယ်။

ကက်ရှ်မီးယားပြည်နယ် မှာ ပြီးခဲ့တဲ့ရက်ပိုင်းကအသေခံဗုံးခွဲတိုက်ခိုက် မှုဖြစ်ခဲ့လို အိန္ဒိယ စစ်သား ၄၆ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုနဲ့ပတ်သက်လို ့ ပါကစ္စတန် ပါဝင်နေတယ်ဆိုတဲ့ မှန်ကန်တဲ့သက်သေတွေကို ရရှိထားကြောင်း အိန္ဒိယက ပြောပါတယ်။ အိန္ဒိယအစိုးရက တိုက်ခိုက်မှုကို ပါကစ္စတန် အခြေစိုက် Jaish-e-Mohammad စစ်သွေးကြွအဖွဲ့လုပ်ဆောင်တာဖြစ်ကြောင်း ၊ ပြောပါတယ်။

ပါကစ္စတန်ကတော့ အဲဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယနိုင်ငံအနေနဲ့ ပါကစ္စတန်ကို နိုင်ငံတကာက အဆက်သွယ်ပြတ်တောက်မှုတွေလုပ်ဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ သံတမန်ရေးရာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။