ဌာေန တိုင္းရင္းသားေတြဘဝ တိုးတက္ေအာင္ လုပ္မေပးႏိုင္ေသးေၾကာင္း ၾသစေၾတးလ် ဝန္ခံ

0
248

ဌာေန ၾသစေၾတးလ် တိုင္းရင္းသားေတြနဲ႔ က်န္ ႏိုင္ငံသားေတြၾကား ကြာဟခ်က္ေတြကို က်ဥ္းေအာင္ လုပ္ေပးမယ္လို႔ ကတိေပးတာ ဆယ္စုႏွစ္တစ္ခု ၾကာလာေပမယ့္ အခုအထိ ဌာေန တိုင္းရင္းသားေတြဘဝ တိုးတက္ေအာင္ မလုပ္ေပးႏိုင္ေသးဘူးလို႔ ၾသစေၾတးလ် အစိုးရက ဝန္ခံလိုက္ပါတယ္။

အစိုးရ ၇ ဆက္အနက္ အစိုးရ ၂ ဆက္ လက္ထက္မွာသာ ဌာေန တိုင္းရင္းသားေတြရဲ႕ ၾကြယ္ဝေရး၊ က်န္းမာေရး၊ လူမႈဖူလံုေရးေတြကို လုပ္ေပးႏိုင္ေသးတယ္လို႔ လက္ရွိ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ စေကာက္ ေမာ္ရစ္ဆန္က ဝန္ခံလိုက္တာပါ။

ငယ္စဥ္ပညာသင္ၾကားသူ တိုးျမင့္ေရး၊ အထက္တန္း ေရာက္သူႏႈန္း မ်ားျပားေရးတို႔ဟာ လမ္းေၾကာင္းေပၚ ေရာက္လာၿပီ ျဖစ္ေပမယ့္ တျခားနယ္ေပေတြျဖစ္တဲ့ အလုပ္အကိုင္ ရရွိေရး၊ လူ႔ဘဝသက္တမ္း ျမင့္လာေရးတို႔မွာေတာ့ ဌာေနတိုင္းရင္းသားေတြက ေနာက္ေကာက္က်ေနဆဲ ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဌာနေ တိုင်းရင်းသားတွေဘဝ တိုးတက်အောင် လုပ်မပေးနိုင်သေးကြောင်း သြစတြေးလျ ဝန်ခံ

ဌာနေ သြစတြေးလျ တိုင်းရင်းသားတွေနဲ့ ကျန် နိုင်ငံသားတွေကြား ကွာဟချက်တွေကို ကျဉ်းအောင် လုပ်ပေးမယ်လို့ ကတိပေးတာ ဆယ်စုနှစ်တစ်ခု ကြာလာပေမယ့် အခုအထိ ဌာနေ တိုင်းရင်းသားတွေဘဝ တိုးတက်အောင် မလုပ်ပေးနိုင်သေးဘူးလို့ သြစတြေးလျ အစိုးရက ဝန်ခံလိုက်ပါတယ်။

အစိုးရ ၇ ဆက်အနက် အစိုးရ ၂ ဆက် လက်ထက်မှာသာ ဌာနေ တိုင်းရင်းသားတွေရဲ့ ကြွယ်ဝရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးတွေကို လုပ်ပေးနိုင်သေးတယ်လို့ လက်ရှိ သြစတြေးလျ ဝန်ကြီးချုပ် စကောက် မော်ရစ်ဆန်က ဝန်ခံလိုက်တာပါ။

ငယ်စဉ်ပညာသင်ကြားသူ တိုးမြင့်ရေး၊ အထက်တန်း ရောက်သူနှုန်း များပြားရေးတို့ဟာ လမ်းကြောင်းပေါ် ရောက်လာပြီ ဖြစ်ပေမယ့် တခြားနယ်ပေတွေဖြစ်တဲ့ အလုပ်အကိုင် ရရှိရေး၊ လူ့ဘဝသက်တမ်း မြင့်လာရေးတို့မှာတော့ ဌာနေတိုင်းရင်းသားတွေက နောက်ကောက်ကျနေဆဲ ဖြစ်ပါတယ်။

?bph6