
0
244




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

A380 “superjumbo” လေယာဉ် ထုတ်လုပ်မှု ၂၀၂၁ မှာ ရပ်ဆိုင်းမယ်

ဥရောပ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Airbus က A380 “superjumbo” လေယာဉ်ကြီးတွေ ထုတ်လုပ်မှုကို လာမယ့် ၂၀၂၁ ခုနှစ်မှာ ရပ်ဆိုင်းမယ်လို့ ကြေညာလိုက်ပါတယ်။

Airbus ရဲ့ အဓိက ဖောက်သည်ဖြစ်တဲ့ Emirates လေကြောင်းလိုင်းက လေယာဉ်မှာယူမှုတွေ လျှော့ချလိုက်တဲ့အတွက် အခုလို A380 “superjumbo” တွေ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Emirates လေကြောင်းလိုင်းက A380 လေယာဉ်မှာယူမှုကို ၁၆၂ စင်းကနေ ၁၂၃ အထိ လျှော့ချခဲ့တာ ဖြစ်ပါတယ်။ ကုန်ကျစရိတ် များပြားတဲ့ A380 “superjumbo” လေယာဉ်ကြီးတွေဟာ ပိုထိရောက်ပြီး သေးငယ်တဲ့ လေယာဉ် မော်ဒယ်တွေကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲနေပါတယ်။

?bph6