ေျမာက္ကိုရီးယား ႏ်ဴကလီးယားလက္နက္ အလံုးစံုဖ်က္သိမ္းႏုိင္ေျခ မရွိ

0
56

ေျမာက္ကိုရီးယားအစိုးရက ႏ်ဴကလီးယား လက္နက္ေတြ အားလုံးကိုေတာ့ ဖ်က္သိမ္းနိုင္ေျခ မရွိဘူးလို႔ အေမရိကန္ စစ္ဖက္ဆိုင္ရာ အဆင့္ျမင့္အရာရွိေတြက ေျပာပါတယ္။

လက္နက္ကိုင္တပ္ဖြဲ႔မ်ားဆိုင္ရာ အထက္လႊတ္ေတာ္ ေကာ္မတီ အစည္းအေဝးမွာ ေတာင္ကိုရီးယားမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႔ ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ေရာဘတ္ ေအဘရမ္က အဲဒီလို ေျပာလိုက္တာ ျဖစ္ပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအြန္တို႔အၾကား ပထမအႀကိမ္ ထိပ္သီးေဆြးေႏြးပြဲၿပီးေနာက္ ကိုရီးယားကၽြန္းဆြယ္က တင္းမာမႈေတြ သိသိသာသာ ေလ်ာ့လာခဲ့တယ္လို႔ ဗိုလ္ခ်ဳပ္ ေအဘရမ္က ေျပာပါတယ္။

ဒါေပမဲ့ ႏ်ဴကလီးယား ဖ်က္သိမ္းေရးနဲ႔ ပတ္သက္လို႔ ဘက္ေပါင္းစုံ ေဆာင္ရြက္တယ္လို႔ ေျပာႏိုင္တဲ့အဆင့္ကို ေရာက္ေနတယ္လို႔ အေမရိကန္စစ္တပ္က မယူဆေၾကာင္း သူကေျပာပါတယ္။ ႏ်ဴကလီးယား အလုံးစုံဖ်က္သိမ္းဖို႔ ေျမာက္ကိုရီးယားအစိုးရရဲ႕ ရည္ရြယ္ခ်က္နဲ႔ ပတ္သက္လို႔ သံသယရွိေၾကာင္း ေဖာ္ျပထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းနိုင်ခြေ မရှိ

မြောက်ကိုရီးယားအစိုးရက နျူကလီးယား လက်နက်တွေ အားလုံးကိုတော့ ဖျက်သိမ်းနိုင်ခြေ မရှိဘူးလို့ အမေရိကန် စစ်ဖက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေက ပြောပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အထက်လွှတ်တော် ကော်မတီ အစည်းအဝေးမှာ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ ဦးစီးချုပ် ဗိုလ်ချုပ် ရောဘတ် အေဘရမ်က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲပြီးနောက် ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေ သိသိသာသာ လျော့လာခဲ့တယ်လို့ ဗိုလ်ချုပ် အေဘရမ်က ပြောပါတယ်။

ဒါပေမဲ့ နျူကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံ ဆောင်ရွက်တယ်လို့ ပြောနိုင်တဲ့အဆင့်ကို ရောက်နေတယ်လို့ အမေရိကန်စစ်တပ်က မယူဆကြောင်း သူကပြောပါတယ်။ နျူကလီးယား အလုံးစုံဖျက်သိမ်းဖို့ မြောက်ကိုရီးယားအစိုးရရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ သံသယရှိကြောင်း ဖော်ပြထားပါတယ်။

?bph6