ဝက္သက္ေရာဂါ ကူးစက္မႈေၾကာင့္ ဖိလစ္ပိုင္မွာ ကေလးငယ္ ၇၀ ေက်ာ္ ေသဆံုး

0
63

ဖိလစ္ပိုင္ႏုိင္ငံမွာ ဝက္သက္ေရာဂါ ကူးစက္ျဖစ္ပြားမႈေတြေၾကာင့္ အသက္ ေလးႏွစ္ေအာက္ ကေလးငယ္ေပါင္း ၇၀ ေက်ာ္ ေသဆံုးသြားခဲ့တယ္လို႔ ဖိလစ္ပိုင္အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဖိလစ္ပိုင္မွာ ဝက္သက္ေရာဂါေၾကာင့္ ႏွစ္စပိုင္းတည္းက လူေသဆံုးမႈေတြရွိခဲ့ၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ကမွ ဝက္သက္ေရာဂါ ကူးစက္ျဖစ္ပြားမႈအေပၚ အစိုးရက သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဝက္သက္ေရာဂါ လကၡဏာမ်ိဳးနဲ႔ ေနမေကာင္းျဖစ္ေနသူ လူေပါင္း ၄၃၀၀ ေက်ာ္ရွိေနတယ္လို႔ ဖိလစ္ပိုင္က်န္းမာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

မနီလာၿမိဳ႕နဲ႔ ၿမိဳ႕အစြန္ေဒသေတြမွာ ဝက္သက္ေရာဂါ ျဖစ္ပြားမႈ အမ်ားဆံုးျဖစ္ေနၿပီး အျခား ၿမိဳ႕ ငါးၿမိဳ႕မွာလည္း ဝက္သက္ေရာဂါ ကူးစက္ျဖစ္ပြားေနတယ္လို႔ ဖိလစ္ပိုင္က်န္းမာေရး ဝန္ႀကီးက ေျပာပါတယ္။ ဝက္သက္ေရာဂါ စတင္ကူးစက္ေနခ်ိန္မွာ ဖိလစ္ပိုင္အစိုးရ တာ၀န္ရွိသူေတြဟာ ဝက္သက္ေရာဂါ ကာကြယ္ေဆး တုိက္ေကၽြးေပမယ့္ မိဘတခ်ိဳ႕က ကာကြယ္ေဆးတုိက္ဖုိ႔ ျငင္းဆန္တာေတြ ရွိေနပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝက်သက်ရောဂါ ကူးစက်မှုကြောင့် ဖိလစ်ပိုင်မှာ ကလေးငယ် ၇၀ ကျော် သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေကြောင့် အသက် လေးနှစ်အောက် ကလေးငယ်ပေါင်း ၇၀ ကျော် သေဆုံးသွားခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖိလစ်ပိုင်မှာ ဝက်သက်ရောဂါကြောင့် နှစ်စပိုင်းတည်းက လူသေဆုံးမှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှုအပေါ် အစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဝက်သက်ရောဂါ လက္ခဏာမျိုးနဲ့ နေမကောင်းဖြစ်နေသူ လူပေါင်း ၄၃၀ဝ ကျော်ရှိနေတယ်လို့ ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

မနီလာမြို့နဲ့ မြို့အစွန်ဒေသတွေမှာ ဝက်သက်ရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်နေပြီး အခြား မြို့ ငါးမြို့မှာလည်း ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။ ဝက်သက်ရောဂါ စတင်ကူးစက်နေချိန်မှာ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေဟာ ဝက်သက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးပေမယ့် မိဘတချို့က ကာကွယ်ဆေးတိုက်ဖို့ ငြင်းဆန်တာတွေ ရှိနေပါတယ်။

?bph6